သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃
နေရာတွင်ဥက္ကာခဲ့များမီးလောင်
ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှဥက္ကာခဲများ မီးလောင်ပေါက်ကွဲ
ကာ
ကျဆင်းလာမှုကြောင့် လူပေါင်း ၉၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်
အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃
နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။
ဥက္ကာခဲ့ကျရောက်သည့် နေရာတစ်ခုတွင် အချင်း ၆ မီတာခန့်ရှိ ချိုင်ကြီးတစ်ခု
ဖြစ်ပေါ်ခဲ့သည်။ဥက္ကာခဲများ
ကျရောက်ပေါက်ကွဲမှုအရှိန်ကြောင့်
အဆောက်အအုံ ပြူတင်းပေါက်မှန်များ ကွဲကြေခဲ့ပြီး အချို့အဆောက်
အအုံများ
ပျက်စီးခဲ့သည်။ ဒဏ်ရာရရှိသူများ ၅၀၀ ကျော်မှာ ပြူတင်းပေါက်မှန်စများ
လွင့်စင်ထိမှန်မှုကြောင့် အသေးစားဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူ ၁၁၂ ဦးကို ဆေးရုံတင်ထားရကြောင်း သိရသည်။
Planet Myanmar Network

0 comments:
Post a Comment