Pages

Friday, February 15, 2013

၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်

၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်
Friday, February 15, 2013

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ဖွင့်ပွဲရက်တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ လာရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ ပွဲတော်မှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဘုရားဖူးများ ပိုမိုစည်ကားလေ့ရှိပြီး တပေါင်းလပြည့်နေ့တွင် စေတုတ္တရာ၊ ငဖဲ၊ ပဒါန်းမြို့နယ်များအတွင်း
ကျေးရွာများမှ ပေါင်းမိုးလှည်းများဖြင့် ဘုရားဖူးလာရောက်သူများလည်း
ရှေးအစဉ်အလာမပျက် လာရောက်လေ့ရှိကြောင်း သိရသည်။

''ပွဲတော်က မြန်မာနိုင်ငံမှာ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တော့ တဲကျောင်း၊ ဆိုင်ခန်းနှင့် အခြားလုပ်ငန်း လုပ်ကိုင်မှုတွေအတွက်
လေလံချထားပေးမှုနဲ့ ပတ်သက်လို့ နှစ်စဉ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခုနှစ်က ၀ါထပ်တဲ့ နှစ်ဖြစ်ခဲ့တဲ့အတွက် ပွဲတော်ရက်က ပုံမှန်နှစ်တွေထက် နည်းလို့   ဈေးသည်အချို့က အရှုံးပေါ်မှာ စိုးရိမ်နေကြပါတယ်။ ပွဲတော်ရဲ့ အထင်ကရနေရာ အားလုံးနီးပါးကို ကန်ထရိုက် ချပေးထားတာဆိုတော့ ဘုရားဖူးတွေအတွက်လည်း ကုန်ကျစရိတ် ပိုစေတာတွေ ရှိပါတယ်''ဟု 
ရွှေစက်တော်ပွဲတော်တွင်   နှစ်စဉ်လာရောက်လေ့ရှိသော ဈေးသည်တစ်ဦးကပြောကြားခဲ့သည်။

ရွှေစက်တော် ပွဲတော်ဝန်းအတွင်း အထက်စက်တော်ရာသို့ တက်ရောက်ရာ ကားလမ်းမှ အောက်စက်တော်ရာ အနီးသို့ ချိတ်ဆက်မည့်မန်းချောင်းတံတား 
တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစီမံကိန်းနှင့် ပတ်သက်၍လည်း
ဒေသခံများမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

''အမှန်တကယ် ဒေသဖွံ့ဖြိုးဖို့ဆိုရင် ပဒါန်း၊ ငဖဲ လမ်းဘက်က မန်းချောင်းကို ကူးတဲ့နေရာမှာ တံတားကို ဆောက်သင့်ပါတယ်။ အခုတံတား
ဆောက်မယ့်နေရာက ပွဲတော်ဝန်း အလယ်တည့်တည့် ဖြစ်နေတဲ့အတွက် ပွဲတော်ဝန်းအလှကိုလည်း ပျက်စေပါတယ်။ မိုးတွင်းမှာ အောက်စက်တော်ရာ
ဘက် ကူးနိုင်အောင်ဆိုပေမယ့် ဒေသခံတွေအတွက် အမှန်တစ်ကယ် အသုံးဝင်တာက လှေတင်တံတားနေရာမှာ တည်ဆောက်မှ အသုံးဝင်မှာပါ''ဟု စကုမြို့မှ ဦးနေမျိုးကျော်က ပြောကြားခဲ့သည်။
 
ယခုနှစ်တွင် ပဒါန်း-ရွှေစက်တော်လမ်းဆုံအနီး GSM တာဝါတိုင် တည်ဆောက်ပြီးခဲ့သောကြောင့် ရွှေစက်တော်ပွဲတော်ဝန်းအတွင်း GSM တယ်လီဖုန်းများ ပြောဆိုနိုင်ပြီဖြစ်ကြောင်း အဆိုပါလမ်းဆုံမှ ပုသိမ်-မုံရွာကားလမ်းသို့ ဆက်သွယ်သည့် သုံးမိုင်လမ်းကို ပြုပြင်ပြီးစီးခဲ့သော်လည်း ထိုလမ်းအတွက် လမ်းအသုံးပြုခ ကောက်ခံမှုမှာ များလွန်းသည်ဟု ဝေဖန်မှု
များရှိခဲ့ကြောင်း ပွဲတော်အ၀င် လှေတင်တံတား ဖြတ်သန်းခကို ယခုနှစ်တွင် ရွှေစက်တော်ပွဲတော် ဂေါပကအဖွဲ့မှ တိုက်ရိုက်
ကောက်ခံမည်ဖြစ်သော်လည်း ပွဲတော်ဝန်းအတွင်းသို့ ဆိုင်ကယ်
ဝင်ရောက်ခမှာ ယခင်နှစ်က တစ်စီးလျင် ကျပ် ၁၅၀၀ အထိ
ကောက်ခံခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့ကြောင်း သိရပါသည်။

ဓာတ်ပုံ - မန်းရွှေစက်တော် (minbuthar.wordpress.com)
Eleven Media Group
ဓာတ်ပုံ - မန်းရွှေစက်တော် (မင်းဘူးသား)
Friday, February 15, 2013

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့
အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်ဖွင့်ပွဲရက်တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ လာရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုမျာြး
ပားလာခဲ့ကြောင်း သိရသည်။ ပွဲတော်မှာ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင်ဘုရားဖူးများ ပိုမိုစည်ကားလေ့
ရှိပြီးတပေါင်းလပြည့်နေ့တွင် စေတုတ္တရာ၊ငဖဲ၊ပဒါန်းမြို့နယ်များအတွင်းကျေးရွာများမှ ပေါင်းမိုးလှည်းများဖြင့်
 ဘုရားဖူးလာရောက်သူများလည်းရှေးအစဉ်အလာမပျက် လာရောက်လေ့ရှိကြောင်း သိရသည်။

''ပွဲတော်က မြန်မာနိုင်ငံမှာ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တော့ တဲကျောင်း၊ ဆိုင်ခန်းနှင့် အခြားလုပ်
ငန်း လုပ်ကိုင်မှုတွေအတွက်လေလံချထားပေးမှုနဲ့ ပတ်သက်လို့ နှစ်စဉ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခုနှစ်က ၀ါထပ်တဲ့ နှစ်ဖြစ်ခဲ့တဲ့အတွက် ပွဲတော်ရက်က ပုံမှန်နှစ်တွေထက် နည်းလို့ ဈေးသည်အချို့က အရှုံးပေါ်မှာ စိုး
ရိမ်နေကြပါတယ်။ ပွဲတော်ရဲ့ အထင်ကရနေရာ အားလုံးနီးပါးကို ကန်ထရိုက် ချပေးထားတာဆိုတော့ ဘုရား
ဖူးတွေအတွက်လည်း ကုန်ကျစရိတ် ပိုစေတာတွေ ရှိပါတယ်''ဟု ရွှေစက်တော်ပွဲတော်တွင် နှစ်စဉ်လာရော
က်လေ့ရှိသော ဈေးသည်တစ်ဦးကပြောကြားခဲ့သည်။

ရွှေစက်တော် ပွဲတော်ဝန်းအတွင်း အထက်စက်တော်ရာသို့ တက်ရောက်ရာ ကားလမ်းမှ အောက်စက်ေ
တာ်
ရာ အနီးသို့ ချိတ်ဆက်မည့်မန်းချောင်းတံတား တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစီမံကိန်းနှင့် ပတ်
သက်၍လည်းဒေသခံများမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

''အမှန်တကယ် ဒေသဖွံ့ဖြိုးဖို့ဆိုရင် ပဒါန်း၊ ငဖဲ လမ်းဘက်က မန်းချောင်းကို ကူးတဲ့နေရာမှာ တံတားကို
 ဆောက်သင့်ပါတယ်။ အခုတံတားဆောက်မယ့်နေရာက ပွဲတော်ဝန်း အလယ်တည့်တည့် ဖြစ်နေတဲ့အတွက် ပွဲတော်ဝန်းအလှကိုလည်းပျက်စေပါတယ်။မိုးတွင်းမှာ အောက်စက်တော်ရာဘက် ကူးနိုင်အောင်ဆိုပေမယ့်
 ဒေသခံတွေအတွက် အမှန်တစ်ကယ် အသုံးဝင်တာက လှေတင်တံတားနေရာမှာ တည်ဆောက်မှ အသုံးဝင်
မှာပါ''ဟု စကုမြို့မှ ဦးနေမျိုးကျော်က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ပဒါန်း-ရွှေစက်တော်လမ်းဆုံအနီး GSM တာဝါတိုင် တည်ဆောက်ပြီးခဲ့သောကြောင့်
ရွှေစက်
တ်ာပွဲတော်ဝန်းအတွင်း GSM တယ်လီဖုန်းများ ပြောဆိုနိုင်ပြီဖြစ်ကြောင်း အဆိုပါလမ်းဆုံမှ ပုသိမ်-မုံရွာ
ကားလမ်းသို့ ဆက်သွယ်သည့် သုံးမိုင်လမ်းကို ပြုပြင်ပြီးစီးခဲ့သော်လည်း ထိုလမ်းအတွက် လမ်းအသုံးပြုခ
ကာက်ခံမှုမှာ များလွန်းသည်ဟု ဝေဖန်မှုများရှိခဲ့ကြောင်း ပွဲတော်အ၀င် လှေတင်တံတား ဖြတ်သန်းခကို ယ
ခုနှစ်တွင် ရွှေစက်တော်ပွဲတော် ဂေါပကအဖွဲ့မှ တိုက်ရိုက်ကောက်ခံမည်ဖြစ်သော်လည်း ပွဲတော်ဝန်းအတွင်း
သို့ ဆိုင်ကယ်ဝင်ရောက်ခမှာ ယခင်နှစ်က တစ်စီးလျင် ကျပ် ၁၅၀၀ အထိကောက်ခံခဲ့သောကြောင့် ဝေဖန်
မှုများရှိခဲ့ကြောင်း သိရပါသည်။

Eleven Media Group

0 comments:

Post a Comment