Pages

Friday, February 15, 2013

စက်လှေတိုက်မိရာမှ ပျောက်ဆုံးသွားသော ရဲစခန်းမှူး အလောင်းအား ရှာဖွေတွေ့ရှိ

တရားခံ ဖမ်းဆီးရာမှ ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါ လာသော လှေနှင့် အခြား လှေတစ်စင်း တိုက်မိပြီး (၃) ဦး ဒဏ်ရာ ရကာ ဒုရဲအုပ် စခန်းမှူး တစ်ဦး ပျောက်ဆုံးနေသည့် လှေတိုက်မှု ဖြစ်စဉ် တစ်ခု မြိတ်ခရိုင် တနင်္သာရီ မြို့နယ် သမီးလှ အရှေ့ကျေးရွာ ရှိ မြစ်ထဲတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ည (၇)...နာရီ (၃၀)ခန့် အချိန်တွင် ဖြစ်ပွားခဲ့ရာ ပျောက်ဆုံးနေသည့် တကူ ရဲစခန်းမှူး ဒုရဲအုပ် သောင်းငွေ၏ အလောင်းအား ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက် (၇) နာရီကျော်ခန့်တွင် ဘန်လောကျေးရွာ အုပ်စု ဘန်လင်ကျေးရွာ အရှေ့ ရေလယ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး တနင်္သာရီမြို့ ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထိုရဲတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် လှေအား ၀င်တိုက်သည့် စက်လှေမှာ ထားဝယ် သစ်လုံးကြီး ကုမ္ပဏီမှ ၀န်ထမ်းများ မောင်းနှင်လာသည့် စက်လှေ ဖြစ်ပြီး အဆိုပါ တရားခံ (၂)ဦ့းဖြစ်သည့် ဦးအောင်သူ (စက်မောင်း)နှင့် ဦးသစ်လွင်ထွန်းတို့ အား တနင်္သာရီမြို့ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

 မြိတ်ပုလဲမြေ

0 comments:

Post a Comment

 
world time