Pages

Friday, February 22, 2013

ကျန်းမာရေးကော်မတီ ဒီချုပ်ဖွဲ့စည်း

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၁
ပြည်တွင်းကျန်းမာရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျန်းမာရေးကော်မတီတစ်ရပ် ဖေဖော်ဝါရီ ၂၀ ရက်က ဖွဲ့စည်းလိုက်သည်။ ကျန်းမာရေးကော်မတီတွင် ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာသန်းအေး၊ ဒေါက်တာဒေါ်ရွှေပုံ၊ ဒေါက်
တာကျော်စွာဦး၊ ဒေါက်တာမြသော်စသည့် ကော်မတီဝင် ငါးဦးပါဝင်သည်။ ကော်မတီအနေဖြင့် အခြားသောအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးကွန်ရက်တစ်ခု ဖွဲ့စည်းသွားမည်ဖြစ်ပြီး အခမဲ့ဆေးကုသခြင်း၊ လူထုကျန်းမာရေးနှင့်
ကျောင်းကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်သွားမည့်အပြင် ဆရာဝန်များ စဉ်ဆက်မပြတ်လေ့လာရေးနှင့် အရည်အသွေးမြင့်မားရေးတို့အတွက်
ဆေးပညာသင်တန်းများ ဖွင့်လှစ်ပေးသွားဖွယ်ရှိသည်ဟု ဒေါက်တာကျော်စွာဦးက ပြောသည်။
RND: 22.2.2013
RFA (Burmese)

0 comments:

Post a Comment

 
world time