Consumer Electronics Show 2013 (CES 2013)
ပြပွဲတွင် IdeaCentre Horizon အမည်ရှိ စားပွဲပုံသဏ္ဍန် touchscreen
ကွန်ပျူတာကို မီဒီယာများအား Lenovo က စတင် မိတ်ဆက်ပြသခဲ့သည်။ Lenovo
Horizon table ဟု ခေါ်ဝေါ်ကြသော စားပွဲပုံသဏ္ဍန် အဆိုပါ ကွန်ပျူတာမှာ screen
အရွယ်အစား ၂၇ လက်မရှိပြီး desktop ကွန်ပျူတာနှင့် tablet အကြီးစားကဲ့သို့
စွမ်းဆောင်ရည်များ ပါဝင်ကြောင်း သိရှိရသည်။
Horizon table ကွန်ပျူတာတွင်
Windows 8 အသုံးပြုထားပြီး အချက်အလက် သိမ်းဆည်းနိုင်မှုအဖြစ် 1 TB hard
drive ပါရှိသည်။
Intel Core ပရိုဆက်ဆာ အသုံးပြုထားသော Lenovo ၏ Horizon table ဖြင့်
multi-touch ဂိမ်းများ အပါအဝင် application ၅,၀၀၀ ကျော် ပါဝင်သည့် app
store ကိုလည်း အသုံးပြုနိုင်မည်ဟု Lenovo က ပြောကြားသည်။
Horizon table ကွန်ပျူတာကို ယခုနှစ် နွေရာသီတွင် ၁,၆၉၉ ဒေါ်လာဖြင့်
စတင်ရောင်းချမည်ဖြစ်သည်။ CES 2013 ပြပွဲကို ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ
အမေရိကန်ပြည်ထောင်စုလက်စ်ဗီးဂက်စ်တွင် ကျင်းပပြုလုပ်
သွားမည် ဖြစ်သည်။
Planet Myanmar Network:
0 comments:
Post a Comment