ရန်ကုန်၊ ဇန်န၀ါရီ ၈
လူ့အခွင့်အရေးနှင့် လူ့ဂုဏ် သိက်္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင်
အောင်ဆန်းစုကြည်နှင့်မင်းကိုနိုင်ဆုများ
ကို ပေးအပ် ချီးမြှင့်သွားမည်ဟု
ရုပ်ရှင်ပွဲတော် စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကို ကြီးက ပြောသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်သို့ နိုင်ငံတကာနှင့် ပြည်တွင်းမှအနုပညာရှင်များဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ်
ထားပြီး အောင် ဆန်းစုကြည်၏
မွေးနေ့ဖြစ်သော ဇွန်လ၊ ၁၉ ရက်တွင်အထက်ပါဆုများကို ရွေးချယ်ပေးအပ်
သွားမည်
ဟု ၎င်းက ပြောသည်။
““မင်းကိုနိုင်နဲ့ အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံမှာ
ထင်ရှား တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဖြစ်လို့ ကျွန်တော်တို့
ရုပ်ရှင်ပွဲတော်မှာ ပေးအပ်မည့်ဆုတွေကို ဒီလို နာမည်တွေ ပေးခဲ့တာပါ”ဟု၎င်းက ဆက်ပြော
သည်။
၎င်းရုပ်ရှင်ပွဲတော်တွင် နိုင်ငံ တကာမှ
ပါဝင်ယှဉ်ပြိုင်သူများနှင့် ပြည်တွင်း ယှဉ်ပြိုင်သူများဟူ၍
ကဏ္ဍနှစ်ရပ်
ခွဲထားကာ သီးသန့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲ ကျင်း ပမည့်
ကာလမှာ ဇွန်လ ၁၅ ရက် နေ့မှ ၁၉ ရက်နေ့
အထိ ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး
Popular Myanmar News Journal
လူ့အခွင့်အရေးနှင့် လူ့ဂုဏ် သိက်္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် အောင်ဆန်းစုကြည်နှင့်မင်းကိုနိုင်ဆုများ
““မင်းကိုနိုင်နဲ့ အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံမှာ ထင်ရှား တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဖြစ်လို့ ကျွန်တော်တို့ ရုပ်ရှင်ပွဲတော်မှာ ပေးအပ်မည့်ဆုတွေကို ဒီလို နာမည်တွေ ပေးခဲ့တာပါ”ဟု၎င်းက ဆက်ပြော
၎င်းရုပ်ရှင်ပွဲတော်တွင် နိုင်ငံ တကာမှ ပါဝင်ယှဉ်ပြိုင်သူများနှင့် ပြည်တွင်း ယှဉ်ပြိုင်သူများဟူ၍ ကဏ္ဍနှစ်ရပ်
0 comments:
Post a Comment