Pages

Saturday, January 19, 2013

နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ်သံဃာ နာယက အဖြစ်မှ ထုတ်ပယ်


နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ်သံဃာ နာယက အဖြစ်မှ ထုတ်ပယ် 

Friday, 18 January 2013 16:44

နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ် သံဃနာယက အဖြစ်မှ လည်းကောင်း မြို့နယ် သံဃာ့ဝန်ဆောင် အဖြစ်မှ လည်းကောင်း ထုတ်ပယ်ရေး တိုင်းသံဃနာယက အဖွဲ့သို့ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

သံဃာနာယက အဖွဲ့၏ အကျိုးတော်ဆောင်လည်း ဖြစ်သူ ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်သည့် ဆုံးဖြတ်ချက်အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက် နေ့တို့တွင် ကျင်းပခဲ့သည့် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၏ ၄၇ ပါး စုံညီ အဋ္ဌာရသမ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်ရေး ကိစ္စနှင့် ပတ်သက်ြပီး ဇန်န၀ါရီလ ၁၈ ရက် နေ့လည်ပိုင်းက ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခအား ခေါ်ယူခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသည့် လူပုဂ္ဂိုလ်များ လာရောက်ခြင်း မရှိခြင်းကြောင့်ဟု ဆိုကာ တိုင်းသံဃာ နာယက ဥက္ကဋ္ဌက ဆရာတော် ဦးပါမောက္ခအား ရက်သတ္တပတ် အကြာတွင် ပြန်လည် လာရောက်ရန် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတော် သံဃာနာယက အဖွဲ့မှ ထုတ်ပယ်ခြင်း ခံရသော ဆရာတော် ဦးပါမောက္ခက “နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ပြောတဲ့ အရည်အချင်း ပျက်ယွင်းမှု ဆိုရာမှာ မြို့နယ် သံဃာနာယက အရည်အချင်း ၁၀ ချက်ထဲမှာ ဘုန်းကြီးအနေနဲ့ တစ်ချက်မှ ငြှိစွန်းတာမျိုး မရှိဘူး။ ဘုန်းကြီးက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် ဆန္ဒထုတ်ဖော်ခဲ့တယ်။ အဲဒီတုန်းက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ဆန္ဒမထုတ်ဖော်ဖို့ လက်မှတ် ထိုးခိုင်းတယ်။ အဲဒီအချိန်တုန်းက ဘုန်းကြီးက လက်မှတ် မထိုးခဲ့ဘူး။ အဲဒီတုန်းက သူတို့က ပြောတာက မြို့နယ် သံဃာနာယကသည် တိုင်းသံဃာနာယကရဲ့ စကားကို နားထောင်ရမယ်တဲ့။ ဘုန်းကြီးက ဓမ္မ ၀ိနိယနဲ့ ညီရင် ကိုရင်လေးရဲ့ စကားကိုတောင် နားထောင်မှာပါ” ဟု မိန့်ကြားခဲ့ပါသည်။

“ဘုန်းကြီးအနေနဲ့ အမျိုးဘာသာ သာသနာ ကောင်းစားဖို့ လုပ်သင့် လုပ်ထိုက်တာ လုပ်မှာပါ။ အမျိုးဘာသာ သာသနာ စိတ်ဓာတ်ရှိတယ် ဆိုရင် နိုင်ငံတော် သံဃာမဟာ နာယက အဖွဲ့က ဆရာတော်များက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် သူတို့ ကိုယ်တိုင် တားမြစ်ရမှာပါ။ ဘုန်းကြီး အနေနဲ့ကတော့ ဘာသာ သာသနာ အတွက်ဆိုရင် ရာထူးက ထုတ်ပယ် ခံရရုံတင်မက အသက်ပါ သေပါစေ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မကွေးဆရာတော် ဦးပါမောက္ခက ဆက်လက် မိန့်ကြားခဲ့ပါသည်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခသည် မြန်မာနိုင်ငံတွင် OIC ရုံး မစိုက်ထူရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရဟန်းသံဃာတော်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့သည့် အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင် သံဃာတော်တစ်ပါး ဖြစ်သည်။

ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်
နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ် သံဃနာယက အဖြစ်မှ လည်းကောင်း မြို့နယ် သံဃာ့ဝန်ဆောင် အဖြစ်မှ လည်းကောင်း ထုတ်ပယ်ရေး တိုင်းသံဃနာယက အဖွဲ့သို့ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ သံဃာနာယက အဖွဲ့၏ အကျိုးတော်ဆောင်လည်း ဖြစ်သူ ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်သည့် ဆုံးဖြတ်ချက်အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက် နေ့တို့တွင် ကျင်းပခဲ့သည့် ဆဋ္ဌအကြိမ်
 နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၏ ၄၇ ပါး စုံညီ အဋ္ဌာရသမ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း
 ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်ရေး ကိစ္စနှင့် ပတ်သက်ြပီး ဇန်န၀ါရီလ ၁၈ ရက် နေ့လည်ပိုင်းက ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခအား ခေါ်ယူခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသည့် လူပုဂ္ဂိုလ်များ လာရောက်ခြင်း မရှိခြင်းကြောင့်ဟု ဆိုကာ တိုင်းသံဃာ နာယက ဥက္ကဋ္ဌက ဆရာတော် ဦးပါမောက္ခအား ရက်သတ္တပတ် အကြာတွင် ပြန်လည် လာရောက်ရန် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတော် သံဃာနာယက အဖွဲ့မှ ထုတ်ပယ်ခြင်း ခံရသော ဆရာတော် ဦးပါမောက္ခက “နိုင်ငံတော် သံဃာ
မဟာ နာယကအဖွဲ့က ပြောတဲ့ အရည်အချင်း ပျက်ယွင်းမှု ဆိုရာမှာ မြို့နယ် သံဃာနာယက အရည်အချင်း ၁၀ ချက်ထဲမှာ ဘုန်းကြီးအနေနဲ့ တစ်ချက်မှ ငြှိစွန်းတာမျိုး မရှိဘူး။ ဘုန်းကြီးက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် ဆန္ဒထုတ်ဖော်ခဲ့တယ်။ အဲဒီတုန်းက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ဆန္ဒမထုတ်ဖော်ဖို့ လက်မှတ် ထိုးခိုင်းတယ်။ အဲဒီအချိန်တုန်းက ဘုန်းကြီးက လက်မှတ် မထိုးခဲ့ဘူး။ အဲဒီတုန်းက သူတို့က ပြော
တာက မြို့နယ် သံဃာနာယကသည် တိုင်းသံဃာနာယကရဲ့ စကားကို နားထောင်ရမယ်တဲ့။ ဘုန်းကြီးက ဓမ္မ ၀ိနိယနဲ့ ညီရင် ကိုရင်လေးရဲ့ စကားကိုတောင် နားထောင်မှာပါ” ဟု မိန့်ကြားခဲ့ပါသည်။

“ဘုန်းကြီးအနေနဲ့ အမျိုးဘာသာ သာသနာ ကောင်းစားဖို့ လုပ်သင့် လုပ်ထိုက်တာ လုပ်မှာပါ။ အမျိုးဘာသာ သာသနာ စိတ်ဓာတ်ရှိတယ် ဆိုရင် နိုင်ငံတော် သံဃာမဟာ နာယက အဖွဲ့က ဆရာတော်များက မြန်
မာနိုင်
ငံမှာ OIC ရုံး မစိုက်ထူရန် သူတို့ ကိုယ်တိုင် တားမြစ်ရမှာပါ။ ဘုန်းကြီး အနေနဲ့ကတော့ ဘာသာ သာသနာ အတွက်ဆိုရင် ရာထူးက ထုတ်ပယ် ခံရရုံတင်မက အသက်ပါ သေပါစေ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မကွေးဆရာတော် ဦးပါမောက္ခက ဆက်လက် မိန့်ကြားခဲ့ပါသည်။

မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခသည် မြန်မာနိုင်ငံတွင် OIC ရုံး မစိုက်ထူရန်နှင့် လက်ပံတောင်း
တာင် ကြေးနီစီမံကိန်းတွင်ရဟန်းသံဃာတော်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့သည့် အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင် သံဃာတော်တစ်ပါး ဖြစ်သည်။

 
Eleven Media Group

0 comments:

Post a Comment