ရန်ကုန်၊ ဇန်န၀ါရီ ၁၉။
ကားအရောင်းပြခန်းများ၊ ကားအလှဆင်နှင့် ကားအပိုပစ္စည်းများ၊ကားဝပ်ရှော့များ စသောပတ်သတ်သော
ဝန်ဆောင်မှုများ အားလုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အကြီးဆုံးကားဈေးကွက်အဖြစ် သီရိမင်္ဂလာ
ဈေးဟောင်းကို ပြုလုပ်တော့မည်ဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့ Farmer Auto ကနေပြီးတော့သီရိမင်္ဂလာဈေးဟာင်း မြေညီထပ်တစ်ခုလုံးကို နှစ်ရှည်ဌားရမ်း
ထားပါတယ်။ ကျွန်တော်တို့ အခု ကား၁၀၀ကျော်လောက်ကို ပြသထားပါတယ်။ ကျွန်တော်တို့ Show room
တွေမှာ နေရာအခက်အခဲရှိတယ် ဟိုမှာက ကျယ်တော့ကားတော် တော်များများပြသဖို့ဆန်.တယ်။ နောက်
ပိုင်း ကားအစီးရေ ၅၀၀၊ ၁၀၀၀လောက်ထိထားဖို့တော့ရည်ရွယ်ထားတယ်။ တကယ်လို့ကျွန်တော်တို့
Show room ဆီမှာ လာပြပြီးရောင်းချင်တဲ့သူတွေ ရှိရင်လည်း ကားပြဖို့ ဝန်ဆောင်ခကိုယူပြီး ရောင်းပေးဖို့တော့
ရှိပါတယ်” ဟု Farmer Auto ကားအရောင်းပြခန်းမှ မန်နေဂျာ ကိုအောင်စည်သူက ပြောကြားသည်။
“ဒီသီရိမင်္ဂလာဈေးဟောင်းမြေနေရာမှာ ကားနဲ့ပတ်သတ်တဲ့ရောင်းတာ ၊ ၀ယ်တာ ၊ ကားအလှဆင်တာ
၊ ကားရေဆေးဆီထိုး၊ ကားဝပ်ရှော့ တွေ အကုန်ဖွင့်လို့ရအောင်စီစဉ်နေပါတ ယ်။ အခုမြေညီထပ်မှာတော့ Farmer က ကားပြခန်းဖွင့်ထားတယ်။ကျန်တဲ့ ကားနဲ့ ပတ်သတ်တဲ့ ဆိုင်ခန်းတွေလည်း ဖွင့်ဖို့ပြင်ဆင်နေကြ
ပြီ။ ဒီဈေးကွက်ကြီးတစ်ခုလုံး စပြီးလှုပ်ရှားနိုင်ရင်တော့မြန်မာနိုင်ငံမှာ ကားနဲ့ပတ်သတ်ရင် တစ်နေရာ
တည်းမှာ ရရှိနိုင် တဲ့
ဈေးကွက်ကြီးဖြစ်လာမှာပါ” ဟု သီရိမင်္ဂလာဈေးဟောင်းမှ တာဝန်ရှိသူတစ်ဦး
က
ပြောကြားသည်။
အဆိုပါ သီရိမင်္ဂလာဈေးဟောင်းတွင် ဖြစ်ပေါ်လာမည့် ကားဈေး ကွက်နှင့်ပတ်သတ်ပြီး “ ဒီဈေးကွက်ကို
အများကြီး မျှော်လင့် ထားပါတယ်။ ကားနဲ့ပတ်သတ်ရင်တစ်နေရာတည်းမှာအကုန်လုပ်နိုင်မယ့်Automobile
Shopping Centreကြီး တစ်ခုဖြစ်လာဖို့မျှော်လင့်ပါတယ်” ဟု Farmer Auto မှ မနနေဂျာ ကိုစည်သူအောင်က
ပြောကြားသည်။
အဆိုပါ ကားဈေးကွက်တွင် ကားအရောင်းပြခန်းများ၊ ကား
အလှဆင်ပစ္စည်းဆိုင်ခန်းမျယား၊ ကားဝပ်ရှော့
များ အပါအ၀င် စားသောက်ဆိုင်
ခန်းများ၊ ကျန်းမာရေးစင်တာနှင့် အလှပြင်ဆိုင်များကို ဖွင့်လှစ်ရန်လည်း
ရှိကြောင်း သိရသည်။
ဆုဝေ
The Myanma Age

“ဒီသီရိမင်္ဂလာဈေးဟောင်းမြေနေရာမ
၊ ကားရေဆေးဆီထိုး၊ ကားဝပ်ရှော့ တွေ အကုန်ဖွင့်လို့ရအောင်စီစဉ်နေပါတ ယ်။ အခုမြေညီထပ်မှာတော့ Farmer က ကားပြခန်းဖွင့်ထားတယ်။ကျန်တဲ့ ကားနဲ့ ပတ်သတ်တဲ့ ဆိုင်ခန်းတွေလည်း ဖွင့်ဖို့ပြင်ဆင်နေကြ
ပြီ။ ဒီဈေးကွက်ကြီးတစ်ခုလုံး စပြီးလှုပ်ရှားနိုင်ရင်တော့မြန်မာနိုင်ငံမှာ ကားနဲ့ပတ်သတ်ရင် တစ်နေရာ
တည်းမှာ ရရှိနိုင် တဲ့
ဈေးကွက်ကြီးဖြစ်လာမှာပါ” ဟု သီရိမင်္ဂလာဈေးဟောင်းမှ တာဝန်ရှိသူတစ်ဦး
က
ပြောကြားသည်။
အဆိုပါ သီရိမင်္ဂလာဈေးဟောင်းတွင် ဖြစ်ပေါ်လာမည့် ကားဈေး ကွက်နှင့်ပတ်သတ်ပြီး “ ဒီဈေးကွက်ကို
အဆိုပါ သီရိမင်္ဂလာဈေးဟောင်းတွင် ဖြစ်ပေါ်လာမည့် ကားဈေး ကွက်နှင့်ပတ်သတ်ပြီး “ ဒီဈေးကွက်ကို
အများကြီး မျှော်လင့် ထားပါတယ်။ ကားနဲ့ပတ်သတ်ရင်တစ်နေရာတည်းမှာအကုန်လုပ်နိုင်မယ့်Automobile
Shopping Centreကြီး တစ်ခုဖြစ်လာဖို့မျှော်လင့်ပါတယ်” ဟု Farmer Auto မှ မနနေဂျာ ကိုစည်သူအောင်က
ပြောကြားသည်။
အဆိုပါ ကားဈေးကွက်တွင် ကားအရောင်းပြခန်းများ၊ ကား အလှဆင်ပစ္စည်းဆိုင်ခန်းမျယား၊ ကားဝပ်ရှော့
အဆိုပါ ကားဈေးကွက်တွင် ကားအရောင်းပြခန်းများ၊ ကား အလှဆင်ပစ္စည်းဆိုင်ခန်းမျယား၊ ကားဝပ်ရှော့
များ အပါအ၀င် စားသောက်ဆိုင်
ခန်းများ၊ ကျန်းမာရေးစင်တာနှင့် အလှပြင်ဆိုင်များကို ဖွင့်လှစ်ရန်လည်း
ရှိကြောင်း သိရသည်။
ဆုဝေ
The Myanma Age
ဆုဝေ
The Myanma Age
0 comments:
Post a Comment