၈၈မျိုးဆက်
ကျောင်းသားများအဖွဲ့၏ ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို
လေ့လာရန်အတွက် ဇန်
န၀ါရီလ ၁၄ ရက်နေ့ကသွားရောက်ခဲ့ရာ ယနေ့ (ဇန်န၀ါရီလ၊ ၁၈
ရက်) ည ၈နာရီ ၁၅ မိနစ်တွင် ရန်ကုန်
၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က " ကျွန်တော်တို့အနေနဲ့ဖိလစ်ပိုင်နိုင်ငံကာကွယ်ရေး
ဦးစီးချုပ်နဲ့ တွေ့ခဲ့ပါတယ်။တစ်ဖက်ကလည်း MILF
လို့ခေါ်တဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း တွေ့ခဲ့ပါတယ်။
နောက်ပြီးတော့..ငြိမ်းချမ်းရေးနဲ့
စေ့စပ်ညှိနှိုင်းရေး အဖွဲ့တွေနဲ့လည်း တွေ့ခဲ့ပါတယ်။သူတို့ဆီမှာတော့ တွေ့ဆုံ
ဆွေးနွေးရေး ယဉ်ကျေးမှုက တော်တော် အားကောင်းနေပါတယ်။ ဖိလစ်ပိုင်
ကာကွယ်ရေးဦးစီးချုပ်က ကျွန်
တော်တို့ကို ပြောပြခဲ့တယ်။
သူတို့ရဲ့တပ်မတော်မှာအတွေးအခေါ်အယူအဆသစ်တွေ ပြောင်းလဲလာတယ်ဘာလဲဆိုတော့တိုက်ပွဲမှာရန်သူ
ကိုအမြစ်ပြတ်ဘယ်လောက်ချေမှုန်းနိုင် လဲဆိုတဲ့စံနှုန်းတွေထက် ငြိမ်းချမ်းရေးကိုဘယ်လောက်စွမ်းဆောင်
နိုင်လဲဆိုတာကိုပဲ
ကြည့်တဲ့ အပြောင်းအလဲမျိုးတွေ ရှိလာပြီ၊တစ်ဖက် လက်နှက်ကိုင်
တော်လှန်ရေးအဖွဲ့အ
စည်းတွေဘက်ကလည်း
စေ့စပ်ဆွေးနွေးရေးဟာ မရှိမဖြစ်လိုအပ်တယ်။
စစ်တွေချည်းတိုက်နေလို့ကတော့
နှစ်ဖက်လုံးနစ်နာတယ် တိုင်းပြည်လည်းနစ်နာတယ်ဆိုတဲ့ အသိမျိုး
သူတို့
ဆီမှာရှိတယ်။တွေ့ဆုံဆွေးေ နွးကြမယ်ဆိုရ င်
အပေးအယူ အလျော့အတင်းတွေရှိမယ် ကိုယ်လိုချင်တာကို
ချည်းပဲ
ရာနှုန်းပြည့်မရဘူးဆိုတာ သိလာတယ်။
သူတို့ဆီက မှတ်သားစရာကောင်းတဲ့စကားတစ်ခွန်းကတော့အချုပ်အခြာအာဏာနဲ့လွတ်လပ်ခြင်းဆိုတဲ့ကြား
ထဲမှာ ရအောင်
ထိန်းယူရတာကလည်း အတတ်ပညာတစ်မျိုးပါတဲ့။သူတို့အဲဒီလိုပဲ
သွားနေကြတယ်။ အဲဒီမှာ
ဆိုရင်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုနှစ်ဖက်လုံးပူးပေါင်းပြီး ဆောင်ရွက်လာနိုင်တာကိုလည်း တွေ့ရပါတယ်။ကျွန်
တော်တို့ သူတို့ဆီက ရလာတဲ့ အတွေ့အကြုံတွေက တကယ်ကို အဖိုးတန်ပါတယ်" ဟု
ပြောကြားခဲ့ပါ
သည်။
ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် ၈၈
မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့သည်
ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ စာပေဟောပြောရန်
သွားရောက်မည်ဖြစ်
ကြောင်းနှင့်ဖိလစ်ပိုင်နိုင်ငံခရီးစဉ်နှင့်ပတ်သတ်ပြီး
သတင်းစာရှင်းလင်းပွဲကို ၎င်းတို့ စင်္ကာပူနိုင်ငံမှ ပြန်လည်
ရောက်ရှိလာပါက
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Eleven Media:
0 comments:
Post a Comment