Pages

Wednesday, January 30, 2013

ဒေသအချို့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုများ၍ နေရောင်ခြည်ဒဏ် သတိထားရန်လို

မြန်မာနိုင်ငံဒေသအချို့တွင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုညွှန်းကိန်းအဆင့် အလွန်မြင့်မားနေသော
ကြာင့် နေရောင်ခြည်ဒဏ်ကို အထူးသတိထားရန်လိုအပ်ကြောင်းမိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်
က ပြောသည်။ အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့်ကို မြန်မာနိုင်ငံတွင် အဆင့် ၈ မှ အဆင့် ၁၁ အတွင်း သတ်မှတ်ထားပြီး လက်ရှိ မြန်မာနိုင်ငံတွင် ကျရောက်နေသော ခရမ်းလွန်ရောင် ခြည်ညွှန်းကိန်းမှာ အဆင့် ၉ ရှိသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကျန်းမာရေး အားနည်းချက်ရှိသူများနှင့် နေရောင်အောက်တွင် မဖြစ်မနေ အလုပ်လုပ်နေရသူများအတွက် လိုအပ်သော ကာကွယ်သူမှုများ ပြုလုပ်ထားသင့်ကြောင်း ဦးထွန်းလွင်က အကြံပြုပြောကြားသည်။
“ပူပြင်းတဲ့ နေရောင်အောက်မှာ ကြာကြာမနေဖို့လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အဆင့် ၉ ဆိုတာ မြန်မာနိုင်ငံလို ရာသီဥတုမျိုးအတွက် သတိထားဖို့ လိုအပ်ပါတယ်”ဟု ဦးထွန်းလွင်က ဆိုသည်။

ခရမ်းလွန်ရောင်ခြည်ကျရောက်လျှင် အရေပြားဆိုင်ရာ ရောဂါများ အဖြစ်များပြီး ညွှန်းကိန်းအဆင့်မြင့်လာပါက အမြင်အာရုံချို့ယွင်းခြင်း၊ သားသမီး မရနိုင်ခြင်း
စသော ရောဂါများအထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ သို့သော် ယင်းရောဂါများမှာ ခရမ်း လွန်ရောင်ခြည်ညွှန်းကိန်းအဆင့် ၁၁ ကျော်မှသာဖြစ်တတ်ပြီး မြန်မာနိုင်ငံတွင် ကျရောက်နေသော ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အဆင့် ၉ သည် အလွန်ဆုံးအရေ ပြားကင်ဆာဖြစ်ပွားနိုင်ကြောင်း ဦးထွန်းလွင်ကပြောသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားတစ်ဦးက “နေပူဒဏ်ကတော့ သိသိသာသာကို ခံစားရတယ်။ အရင်နှစ်တွေထက် ပိုပူတာ တော့ သိသာပါတယ်”ဟု ပြောသည်။

ခရမ်းလွန်ရောင်ခြည်ညွှန်း ကိန်းအဆင့်ကို ပညာရှင်များက ၀ မှ ၁၁ အထိ ခွဲခြားထားပြီး ၀ မှ ၃ အတွင်းကို ညွှန်းကိန်းအနိမ့်၊ ၄ မှ ၇ အတွင်းကို ညွှန်းကိန်းအလယ် အလတ်အဖြစ် သတ်မှတ်၍ ညွှန်းကိန်း ၈ မှ ၁၁ အထိကို မြင့်မား သော ညွှန်းကိန်းအဖြစ် သတ်မှတ်ထားသည်။

နေ့တစ်နေ့၏ ခရမ်းလွန် ရောင်ခြည်ညွှန်းကိန်းသည် တစ်နေ့လုံး ကျရောက်နေခြင်းမဟုတ်ဘဲ မွန်းတည့်ချိန်တွင် အပြင်းထန်ဆုံးဖြစ်ကာ ခရမ်းလွန်ရောင်ခြည်အပြင်းဆုံးကျရောက်သည့်အချိန် ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ပညာရှင်များက သတ်မှတ်ထားသည်။


7days News:

0 comments:

Post a Comment