ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ပင်လယ်ရေမျက်နှာပြင် ပူနွေးလာခြင်းကြောင့် ယနေ့ ရန်ကုန် အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။
မိုးရွာခြင်းကြောင့် လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်နိုင်တော့ဘဲ လာမည့်ဖေဖော်ဝါရီလတွင်သာ လေဖိအား
နည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
မိုး/ဇလက ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လာမည့် ၉၂ နာရီ(လေး
ရက်ခန့်)အတွင်း မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းသည်။
စိုက်ပျိုးစသီးနှံများအတွက် ယခုမိုးက ရေရရှိသော်လည်း ရိတ်သိမ်းရန်ရည်ရွယ်ထားသည့် သီးနှံများ ပျက်
စီးနိုင်ကြောင်း အထက်ပါ ဒုတိယညွှန်ကြားရေးမှူးကပြောသည်။
ဓာတ်ပုံ- ကျော်ဇင်သန်း
7days News:
0 comments:
Post a Comment