မောင်တောမြို့အနီးရှိ
နယ်စပ်ဂိတ်အချို့အား လုံခြုံရေးအနေအထားကြောင့်ရက်အကန့်အသတ်မရှိ
ပိတ်ထားရကြောင်း ပို့ကုန်လုပ်ငန်းရှင် များထံမှသိရှိရသည်။နယ်စပ်ဂိတ်များအား
ရက်အကန့်အသတ်မရှိ ပိတ်ထားရသည့်အကြောင်းအရင်းမှာ လွန်ခဲ့သည့်ဇန်န၀ါရီလ
(၂၄)ရက်နေ့က နယ်စပ်ဆောက်လုပ်ရေးအဖွဲ့ (GE)
ကားတစ်စီးအားမီးရှို့ဖျက်ဆီးခံရခြင်းကြောင့် အရေးပါသည့်
နယ်စပ်ဂိတ်(၇)ခုခန့်အား ဇန်န၀ါရီလ(၂၆)ရက်နေ့မှစတင်ကာ ယာယီပိတ်ထားရခြင်း
ဖြစ်သည်ဟု လုပ်ငန်းရှင်အချို့ကဆိုသည်။
“ဒေသခံတွေလုံခြုံရေးအရမို့
နယ်စပ်ဂိတ်တွေကို ပိတ်မယ်လို့ သက်ဆိုင်ရာက
ပြောတယ်။ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာတော့ သူတို့လည်းမသိဘူးတဲ့ “
ဟုသက်ဆိုင်ရာအာဏာပိုင်များ၏ ပြောပြချက်ကို
ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြန်ပြောပြသည်။
လုံခြုံရေးအနေအထားကြောင့်
ယာယီပိတ်ထားသည့် နယ်စပ်ဂိတ်အချို့မှာ ဘော်တလော ၊အောင်ဇူ ၊ မီးတိုက်
အပါအ၀င် (၇)ဂိတ်ခန့်ရှိသည်ဟု
နယ်စပ်ဖြတ်ကျော်ခဲ့သည့်ပို့ကုန်လုပ်ငန်းရှင်များထံက သိရှိရသည်။
ဇန်န၀ါရီလ(၂၈)ရက်နေ့
ည(၈)နာရီကျော်၌ မောင်တောမြို့၏ (၃)မိုင်အကွာမှဝေသာလီကျေးရွာအနီးရှိ
ဂေါက်ကွင်းအဆောက်အဦးအား မီးရှို့ဖျက်ဆီးသည့်ဖြစ်စဉ်မျိုးလည်း
ဖြစ်ပေါ်ခဲ့သည်ဟု ဝေသာလီကျေးရွာမှ ဒေသခံများက ဆိုသည်။
“အခုလို မီးရှို့ဖျက်ဆီးတာတွေ ဖြစ်ပေါ်နေတော့ ဘယ်သူမှ ကုန်သည်ယူတာတွေမလုပ်ရဲကြတော့ဘူး ၊ နယ်စပ်တွေလည်း ပိတ်ထားတယ်လေ” ဟု ဝေသာလီကျေးရွာနေအသက်(၄၀)ကျော် ဒေသခံတစ်ဦးက ပြောသည်။
နယ်စပ်ဂိတ်များ
ယာယီပိတ်ထားခြင်းကြောင့် မောင်တော-ကြိမ်ချောင်းလမ်းသို့ဖြတ်သန်းဖြတ်လာ
မလုပ်ကြခြင်းနှင့် စီးပွားရေးလုပ်ငန်းလုပ်ရာမှာလည်းအခက်အခဲနှင့် ရင်ဆိုင်
ကြုံတွေ့နေရသည်ဟု ၄င်းက ဆက်လက်ပြောသည်။
“နယ်စပ်ဂိတ်တွေ ပိတ်တယ်၊ မောင်တော -ကြိမ်ချောင်း လမ်းကို မသွားရဲတော့ဘာလုပ်ရမှာလည်းဗျာ။ အလိုအလျောက် စိုးရိမ်ကြောက်ရွံ့တာတွေက စီးပွားရေးချောင်ပိတ်သွားတဲ့ အဖြစ်မျိုးပါ။ ကိုယ့်ပြည်၊
ကိုယ့်မြေမှာနေလို့ဒီလိုစီးပွားရေး ကျဉ်းကြပ်မှုတွေဖြစ်ရတာ
ဝမ်းနည်းမိပါတယ်။ ဒီလိုမျိုးရေရှည်ဆက်သွားပါစေနဲ့လို့ဘဲဆုတောင်းပါတယ်။ “ ဟု
တောင်ပြိုဒေသမှ ဘဂ်လားဒေ့ရှ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြစ်မခသတင်း
0 comments:
Post a Comment