skip to main |
skip to sidebar
အထ္ထုပ္ပတ္တိ စာအုပ်ရေးသားရန် အစီအစဉ် မရှိဟု ဒေါ်စုပြောကြား
6:22 PM
Kolatt
ယန့နံနက်က အင်းယားလိတ် ဟော်တယ်၌ပြုလုပ်သော ဧရာဝတီ
စာပေပွဲတော် စာနယ်ဇင်း ရှင်းလင်းပွဲသို့ တတ်ရောက်လာသော
ဒေါ်အောင်ဆန်းဆုကြည်က ၎င်းအနေဖြင့် ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်ကို
ရေးသားသွားရန် အစီအစဉ်မရှိကြောင်း သတင်းထောက် တစ်ဦး၏ မေးကြားချက်အပေါ်
ပြောကြားသွားသည် ။ "ကိုယ့်အကြောင်း အထ္ထုပ္ပတိရေးဖို့ အစီအစဉ်မရှိပါဘူး ။
အဲ့တာလည်း သိပ်ဝါသနာမပါပါဘူး ။ အမှန်တိုင်းပြောရရင် ကိုယ့်အထ္ထုပ္ပတ္တိ
ကိုယ်ရေးတယ်ဆိုတာ အင်မတန်မှ ခက်ပါတယ် ။ဘယ်သူမှ ကိုယ့်အထ္တုပ္ပတ္တိကို
ဓမ္မဓိဌာန်ကျကျ ရေးနိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။
ကိုယ်ကိုယ်တိုင်တောင်မဟုတ်ဘူး ။ တခြားလူ အကြောင်းကိုတောင် ဘယ်သူမှ
ဓမ္မဓိဌာန်ကျကျ မရေးနိုင်ပါဘူး ။ ဘယ်လိုပဲပြောပြော ကိုယ့်အမြင်
ကိုယ့်အကြိုက်လေးတွေတော့ ပါမှာပဲ" ဟု ၎င်းးက ပြောကြားသည် ။
၎င်း၏အကြောင်းကို
ရေးသားထားသော စာအုပ်များနှင့်ပက်သက်၍လည်း ဖတ်လေ့ဖတ်ထ မရှိကြောင်း ၊ ၎င်းထံမှ
ခွင့်ပြုချက် တောင်းခံ၍ ထုတ်ဝေခြင်းမျိုးလည်း မဟုတ်ကြောင်း
ဆက်လက်ပြောကြားသွားသည် ။
ထက်နောင်နောင်
မြန်မာ့ခေတ်
0 comments:
Post a Comment