Pages

Sunday, January 6, 2013

ဥတစ်လုံးလုံး(အနှစ်ပါမကျန်) စားခြင်းက သွေးတွင်းကောင်းသော အဆီများစေပြီး မကောင်းအဆီနည်းစေနိုင်

ဥတစ်လုံးလုံး(အနှစ်ပါမကျန်) စားခြင်းက သွေးတွင်းကောင်းသော
အဆီများစေပြီး မကောင်းအဆီနည်းစေနိုင်

ယခင်လေ့လာမှုများအရအမေရိကန် လူဦးရေ၏၃၄ရာခိုင်နှုန်းခန့်မှာ Metabolic Syndrome ဟု ခေါ်သည့် ဇီဝရုပ်ဖြစ် ပျက်မှု မမှန်သောကြောင့်ဖြစ်တတ်သည့် ရောဂါလက္ခဏာများဖြစ်ပွားနေကြောင်း သိရသည်။ဤကဲ့သို့ဖြစ်ပွားရာ၌လည်း အမျိုးသမီးများမှာအမျိုးသားများထက် ပို၍ဖြစ်ပွားကြသည်။ အကြောင်းမှာ အမျိုးသမီးများကအမျိုးသားများထက် ကိုယ်လက်လှုပ်ရှားမှုပိုနည်းသောကြောင့် ဖြစ်သည်။ အကယ်၍ လူတစ်ယောက်တွင် အောက်ပါအချက်များမှ သုံးချက် နှင့် အထက်ရှိလျှင် metabolic Syndrome ဖြစ်ပွားနေပြီ ဖြစ်သည်။ ယင်းအချက်များမှာ (၁)ထရိုင်ဂလစ်စ ရိုက်အဆီများခြင်း၊ (၂) HDL ကိုလက်စထရော ဟုခေါ်သည့်ခန္ဓာကိုယ်အတွက် ကောင်းသည့်အဆီလျော့နည်းလာခြင်း၊ (၃)ခါးတုတ်လာခြင်း၊(၄)သွေးတွင်းသကြား ဓာတ်တက်လာခြင်း (၅)သွေးတိုးလာခြင်း တို့ဖြစ်သည်၊၊အကယ်၍လူတစ်ယောက် တွင် metabolic syndrome ဖြစ် ပွားနေလျှင်နှလုံးရောဂါ၊ဆီးချိုရောဂါစ သည့်ရာဂါ များ ဖြစ်နိုင်ချေပိုများလာ လေသည်၊၊ထို့ကြောင်အစားအသောက် တွင်ပါဝင်သောကိုလက်စထရောနှင်ပတ် သက်ပြီးအချက်အလက် အမျိုးမျိုး ထွက် ပေါ်လာလေသည်။ကျန်းမာရေးပြဿနာများနှင့်ရင်ဆိုင်နေရသောလူအများ စုက ဥများအပါအဝင်အခြားအစားအစာ များမှရှောင်ကြဉ်ကြကြောင်းတွေ့ရသည်။ ယခုလေ့လာမှုတွင် သက်လတ်ပိုင်း Metabolic Syndrome ဖြစ်ပွားနေ သူအမျိုးသားများ အမျိုးးသမီးများ အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ယခုလေ့လာမှုတွင်ပါဝင်သူများ အားနှစ်ဖွဲ့ခွဲ၍တစ်ဖွဲ့သည်တစ်ရက်လျှင် ဥသုံးလုံးစားစေ၍၊ ကျန်တစ်ဖွဲ့ အားယင်း သုံးလုံးနှင့်အာဟာရညီမျှသည့်ကာဗိုဟိုက်ဒြိတ် လျော့ချထားသော အစားများ အားကျွေးခဲ့သည်၊၊သုံးလကြာပြီးနောက် ယင်းနှစ်ဖွဲ့အားပြန်လည် စစ်ဆေးကြည့် သည့်အခါဥသုံးလုံးပုံမှန်စားသောအဖွဲ့ တွင်မစမ်းသပ်မီ ကထက်ပို၍အဆီစား သုံးမှုနှစ်ဆခန့်ပိုများသော်လည်း သွေးတွင်း မကောင်းသော အဆီများတက် လာခြင်းမရှိကြောင်းတွေ့ရသည်၊၊ထို့ပြင် ဥစားသောအဖွဲ့ နှင့် မစားဘဲရှောင်သော အဖွဲ့နှစ်ဖွဲ့လုံးတွင် ကောင်းသောကို လက်စထရော HDL မြင့်တက် လာပြီး သွေးတွင်း အဆီအခြေအနေ များပိုကောင်း လာ ကြောင်းတွေ့ရသည်။ ဥအနှစ်စားခြင်း ကရောဂါဖြစ်စေနိုင်သောအခြေ အနေရှိသည့်သူများ တွင် ကောင်းမွန် သောရလဒ်များကို ရစေသည်။ ပုံမှန်ဥ တစ်လုံးလုံးစားသုံးသူ(အနှစ်ပါစားသုံးသူ) များသည်ဥရှောင် ၍စားသုံးသူ များထက် HDL ပိုများလာပြီး LDL/HDL အချိုးပိုနည်းလာကြောင်းတွေ့ ရသည်။ ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက်မရှိမ ဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ် ၁၃မျိုးထိ ပါဝင်ကြောင်း သိရသည်။

အဝင်း Ref:MNT
Vol-2,No-1

အေးချမ်းမွန်မှ Health Updates Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ယခင်လေ့လာမှုများအရအမေရိကန် လူဦးရေ၏၃၄ရာခိုင်နှုန်းခန့်မှာ Metabolic Syndrome ဟု ခေါ်သည့် ဇီ
ဝရုပ်ဖြစ် ပျက်မှု မမှန်သောကြောင့်ဖြစ်တတ်သည့် ရောဂါလက္ခဏာများဖြစ်ပွားနေကြောင်း သိရသည်။ဤ
ကဲ့သို့ဖြစ်ပွားရာ၌လည်း အမျိုးသမီးများမှာအမျိုးသားများထက် ပို၍ဖြစ်ပွားကြသည်။
အကြောင်းမှာ အမျိုးသမီးများကအမျိုးသားများထက် ကိုယ်လက်လှုပ်ရှားမှုပိုနည်းသောကြောင့် ဖြစ်သည်။ အကယ်၍ လူတစ်ယောက်တွင် အောက်ပါအချက်များမှ သုံးချက် နှင့် အထက်ရှိလျှင် metabolic Syndrome
 ဖြစ်ပွားနေပြီ ဖြစ်သည်။ ယင်းအချက်များမှာ (၁)ထရိုင်ဂလစ်စ ရိုက်အဆီများခြင်း၊ (၂) HDL ကိုလက်စထ
ရော ဟုခေါ်သည့်ခန္ဓာကိုယ်အတွက် ကောင်းသည့်အဆီလျော့နည်းလာခြင်း၊ (၃)ခါးတုတ်လာခြင်း၊(၄)သွေး
တွင်းသကြား ဓာတ်တက်လာခြင်း (၅)သွေးတိုးလာခြင်း တို့ဖြစ်သည်၊၊

အကယ်၍လူတစ်ယောက် တွင် metabolic syndrome ဖြစ် ပွားနေလျှင်နှလုံးရောဂါ၊ဆီးချိုရောဂါစ သည့်ရာဂါ များ ဖြစ်နိုင်ချေပိုများလာ လေသည်၊၊ထို့ကြောင်အစားအသောက် တွင်ပါဝင်သောကိုလက်စထရောနှင်ပတ် သက်ပြီးအချက်အလက် အမျိုးမျိုး ထွက် ပေါ်လာလေသည်။ကျန်းမာရေးပြဿနာများနှင့်ရင်ဆိုင်နေရသော
လူအများ စုက ဥများအပါအဝင်အခြားအစားအစာ များမှရှောင်ကြဉ်ကြကြောင်းတွေ့ရသည်။ ယခုလေ့လာ
မှုတွင် သက်လတ်ပိုင်း Metabolic Syndrome ဖြစ်ပွားနေ သူအမျိုးသားများ အမျိုးးသမီးများ အတွက် ရည်ရွယ်
ပြီး ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ယခုလေ့လာမှုတွင်ပါဝင်သူများ အားနှစ်ဖွဲ့ခွဲ၍တစ်ဖွဲ့သည်တစ်ရက်လျှင် ဥသုံးလုံး
စားစေ၍၊ ကျန်တစ်ဖွဲ့ အားယင်း သုံးလုံးနှင့်အာဟာရညီမျှသည့်ကာဗိုဟိုက်ဒြိတ် လျော့ချထားသော အစား
များ အားကျွေးခဲ့သည်၊၊

သုံးလကြာပြီးနောက် ယင်းနှစ်ဖွဲ့အားပြန်လည် စစ်ဆေးကြည့် သည့်အခါဥသုံးလုံးပုံမှန်စားသောအဖွဲ့ တွင်မ
စမ်းသပ်မီ ကထက်ပို၍အဆီစား သုံးမှုနှစ်ဆခန့်ပိုများသော်လည်း သွေးတွင်း မကောင်းသော အဆီများတက် လာခြင်းမရှိကြောင်းတွေ့ရသည်၊၊ထို့ပြင် ဥစားသောအဖွဲ့ နှင့် မစားဘဲရှောင်သော အဖွဲ့နှစ်ဖွဲ့လုံးတွင် ကောင်း
သာကို လက်စထရော HDL မြင့်တက် လာပြီး သွေးတွင်း အဆီအခြေအနေ များပိုကောင်း လာ  ကြောင်း
တွေ့ရသည်။ 

ဥအနှစ်စားခြင်း ကရောဂါဖြစ်စေနိုင်သောအခြေ အနေရှိသည့်သူများ တွင် ကောင်းမွန် သောရလဒ်များကို ရစေသည်။ ပုံမှန်ဥ တစ်လုံးလုံးစားသုံးသူ(အနှစ်ပါစားသုံးသူ) များသည်ဥရှောင် ၍စားသုံးသူ များထက် HDL ပိုများလာပြီး LDL/HDL အချိုးပိုနည်းလာကြောင်းတွေ့ ရသည်။ ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက်မရှိမ ဖြစ်
လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ် ၁၃မျိုးထိ ပါဝင်ကြောင်း သိရသည်။

အဝင်း Ref:MNT
Vol-2,No-1
Health Updates Journal 

0 comments:

Post a Comment