Pages

Sunday, January 6, 2013

၂၀၁၀ ပြည့်နှစ်က အဆင့်မြင့် ဈေးသစ်အဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သော ဆင်မလိုက်ဈေး ပြန်လည်ဖွင့်လှစ်


၂၀၁၀ ပြည့်နှစ်က အဆင့်မြင့် ဈေးသစ်အဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သော ဆင်မလိုက်ဈေး ပြန်လည်ဖွင့်လှစ် 

Sunday, 06 January 2013 12:02

၂၀၁၀ ပြည့်နှစ်ကတည်းက ယခင်ဈေးဟောင်းအား ဖျက်သိမ်း၍ အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့သော ဆင်မလိုက် ဈေးသစ်ကြီးအား ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်ကာ ဈေးရောင်းချခွင့် ပေးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သတင်းရရှိသည်။

"ဈေးသစ်ကြီးကို ပြန်ဖွင့်ဖို့အတွက် မျှော်ခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ယာယီဈေးအဖြစ် ချပေးခဲ့တဲ့နေရာမှာက ဈေးရောင်းဝယ်ရတာ အဆင်မပြေဘူး။ ပြီးတော့ ဈေးသစ်မှာ ဆိုင်ခန်းပြန်မရမှာကို စိုးရိမ်ခဲ့ရတာပါ။ အခုလည်း ဈေးသစ်ကြီးမှာ ပြန်ရောင်းရဖို့အတွက် သုံးနှစ်နီးပါးလောက် စောင့်ခဲ့ရပါတယ်" ဟု ဆင်မလိုက်ဈေးသစ်ကြီးမှ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ယခင်ဆင်မလိုက်ဈေးဟောင်းသည် မြေစိုက်ဈေးဖြစ်ပြီး ယင်းဈေးအား အဆင့်မြင့်ဈေးအဖြစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင်ခန်းများကို ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန် (၆) ရပ်ကွက်၊ ကမာရွတ်ရဲစခန်းအနီးသို့ ယာယီဈေးအဖြစ် ပြောင်းရွှေ့ရောင်းချစေခဲ့ခြင်းဖြစ်ပြီး ယခင်က တစ်နှစ်ခွဲကာလအတွင်း အပြီးတည်ဆောက်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရပါသည်။
 

ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော ဆင်မလိုက်ဈေးသစ်ကြီးအား တွေ့ရစဉ်

အေးချမ်းမွန်မှ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော ဆင်မလိုက်ဈေးသစ်ကြီးအား တွေ့ရစဉ်
၂၀၁၀ ပြည့်နှစ်ကတည်းက ယခင်ဈေးဟောင်းအား ဖျက်သိမ်း၍ အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြန်လည်
တည်ဆောက်ခဲ့သော ဆင်မလိုက် ဈေးသစ်ကြီးအား ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်ကာ ဈေး
ရာင်းချခွင့် ပေးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှသတင်းရ
ရှိသည်။"ဈေးသစ်ကြီးကို ပြန်ဖွင့်ဖို့အတွက် မျှော်ခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ယာယီဈေးအဖြစ် ချပေးခဲ့တဲ့နေ
ရာမှာက ဈေးရောင်းဝယ်ရတာ အဆင်မပြေဘူး။ ပြီးတော့ ဈေးသစ်မှာ ဆိုင်ခန်းပြန်မရမှာကို စိုးရိမ်ခဲ့ရတာ
ပါ။ အခုလည်း ဈေးသစ်ကြီးမှာ ပြန်ရောင်းရဖို့အတွက်သုံးနှစ်နီးပါးလောက် စောင့်ခဲ့ရပါတယ်"ဟုဆင်မလိုက်
ဈးသစ်ကြီးမှ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ယခင်ဆင်မလိုက်ဈေးဟောင်းသည် မြေစိုက်ဈေးဖြစ်ပြီးယင်းဈေးအားအဆင့်မြင့်ဈေးအဖြစ်ပန်လည်ေ
ဆာက်
လုပ်ရန်အတွက် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင်ခန်းများကို ကမာရွတ်
မြို့နယ်၊ ပြည်ရိပ်မွန် (၆) ရပ်ကွက်၊ ကမာရွတ်ရဲစခန်းအနီးသို့ ယာယီဈေးအဖြစ် ပြောင်းရွှေ့ရောင်းချစေခဲ့
ခင်းဖစ်ပြီး ယခင်က တစ်နှစ်ခွဲကာလအတွင်း အပြီးတည်ဆောက်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ယခု
အချိန်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရပါသည်။

0 comments:

Post a Comment

 
world time