သည်းက ဝမ်းဗိုက်ရဲ့ အပေါ် ညာဘက်ပိုင်းမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။အသည်း ကြီးတာက
ရောဂါမဟုတ်ဘဲ အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာ ရောဂါစတဲ့ အခြေခံ ကျန်းမာရေးပြဿနာ တစ်
ခုခုရဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။
အသည်းကြီးခြင်း၏ လက္ခဏာရပ်များ
အသည်းရောဂါကြောင့် အသည်း ကြီးတဲ့အခါ ဗိုက်အောင့်တာ၊ နုံးချည့်ညောင်းညာတာ၊ ပျို့ချင် အန်ချင်ဖြစ်
တာ၊ ပျို့အန်တာနဲ့ အရေပြားနဲ့ မျက်စိ ဝါတာ စတဲ့ လက္ခဏာတွေ တွဲဖြစ်တတ်ပါတယ်။အသည်းကြီးခြင်းဖြစ်
ရသော အကြောင်းရင်းများအသည်းကြီးစေနိုင်တဲ့ အခြေအနေအများကြီး ရှိပါတယ်။
အသည်းရောင် အသားဝါအေ၊ဘီနဲ့စီပိုးအပါအဝင်ဗိုင်းရပ်စ်ပိုးတွေကြောင့်အသည်း ရောင်တာ၊ အရက်ကြော
င့် အသည်းအဆီဖုံးတာ၊အရက်မသောက်ဘဲအသည်းအဆီဖုံးတာ၊ အသည်းမှာ ပုံမမှန် ပရိုတင်းစုပုံ မှုကြောင့်
ဖြစ်တဲ့ ရောဂါ၊ အသည်းမှာ ကြေးနီ ဒါမှမဟုတ် သံဓာတ်စုပုံမှုကြောင့် ဖြစ်တဲ့ရောဂါ၊အသည်းမှာအရည်အိတ်
ဖြစ်တာ၊ ကင်ဆာ မဟုတ်တဲ့ အသည်း အကျိတ်၊ သည်းခြေလမ်းကြောင်း ဒါမှမဟုတ် သည်းခြေအိတ်ပိတ်ဆို့
တာ၊ အသည်းရောင်တာစတဲ့ ရောဂါဝေဒနာတွေကြောင့် အသည်း ကြီး တတ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ ကင်ဆာစတင်ဖြစ်ပေါ်ပြီး အသည်းဆီကို ပျံ့နှံ့ရာက အသည်းကြီးတဲ့ လက္ခဏာပေါ် တတ်ပါတယ်။ နှလုံးရောဂါ၊ အသည်းကို သွားတဲ့ သွေးပြန် ကြော ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ရော
ဂါန
အသည်းကြီးနိုင်ခြေများသော အချက်များ
သင့်မှာ အသည်းရောဂါရှိနေရင် အသည်းကြီး နိုင်ခြေများပါတယ်။ အသည်းပြဿနာဖြစ်နိုင်တဲ့ အချက်တွေ
ကတော့ အချက်တွေကတော့-----
အယ်လ်ကိုဟော မှီဝဲမှုများခြင်း -
အယ်လ်ကိုဟော များများ မှီဝဲမှုကြောင့် အသည်းထိခိုက်စေနိုင်ပါတယ်။ဆေးဝါး၊ဗီတာမင်နှင့် ဖြည့်စွက်ဆေး
များများ မှီဝဲခြင်း - ဗီတာမင်၊ ဖြည့်စွက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေး၊ မိမိဘာသာသောက်နိုင်တဲ့ ဆေး
တွေကို သတ်မှတ်ထားတဲ့ ပမာဏထက် ပိုသောက်တာကြောင့် အသည်းထိခိုက်နိုင်ခြေများပါတယ်။
ဆေးဖက်ဝင် ဖြည့်စွက်ဆေးများ -
တချို့သော ဆေး ဖက်ဝင်အပင်ထွက် ဖြည့်စွက်ဆေးတွေဟာအသည်းထိခိုက်နိုင်ခြေတိုးစေပါတယ်။ကူးစက်
ပိုးဝင်ခြင်း - ငှက်ဖျားပိုးလို ကူးစက်ပိုးတွေဟာ အသည်းထိခိုက်နိုင်ခြေ များပါတယ်။
အသည်းရောင် အသည်းဝါ ဗိုင်းရပ်စ်များ -
အသည်း ရောင်အသားဝါ အေ၊ ဘီနဲ့ စီပိုးတွေရှိရင် အသည်း ကို ထိခိုက်စေနိုင်ပါတယ်။ တတ်နိုင်သမျှကာ
ကွယ်ပါ။
အစာစားသောက်မှု အလေ့အထ မကောင်းခြင်း -
အဆီစာအပါအဝင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားတာကြောင့် ကိုယ်အလေးချိန်များပြီး ဝတာက အသည်းရောဂါဖြစ်နိုင်ခြေကို မြင့်တက် စေနိုင်ပါတယ်။
ကာကွယ်မှု
အသည်းကြီးတာအပါအဝင် အသည်းရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေဖို့ အောက်ပါကာကွယ် နည်းတွေကို လိုက်နာပေးရပါမယ်။
ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ -
သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာပါတဲ့ အစာတွေကို စားပါ။အရက်ကိုမသောက်
ရ မနေနိုင်လျှင် အသင့်အတင့်သာ သောက်ပါ - အရက်ကို လုံးဝမသောက်ဘဲ နေတာ အကောင်းဆုံးပါ။ ဒါ
ပေမဲ့ မသောက်ဘဲ မနေနိုင်ရင် အရက်ကို အသင့်အတင့် ထိန်းချုပ်ကာ သောက်သင့် ပါတယ်။
ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ -
ဗီတာမင်၊ ဖြည့်စွက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့ အတိုင်းအတာ အတိုင်း စနစ်တကျ သောက်သုံးပါ။ဓာတုပစ္စည်းများနှင့် ထိတွေ့ မှုကို ထိန်းချုပ်ပါ - အင်း ဆက်ပိုးသတ်ဆေး၊ သန့်စင်
ရေးပစ္စည်းနဲ့ တခြား အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လေဝင်လေထွက် ကောင်းတဲ့ နေရာမှာပဲသုံးပါ။ လက်
အိတ်၊ ဘောင်း ဘီရှည်နဲ့ နှာခေါင်းစည်းတို့ကို သုံးပြီး ကာကွယ်ပါ။
ကိုယ်အလေးချိန်ထိန်းပါ -
ကိုယ်အလေးချိန်က ကျန်း မာရေးနဲ့ ညီညွတ်နေရင်တောင် အသည်းကျန်းမာ အောင် ကိုယ်အလေးချိန်ကို ထိန်းရပါမယ်။ ကိုယ် အလေးချိန်လျှော့ချဖို့ လိုရင် စားသမျှ ကယ်လိုရီ ပမာဏကို လျှော့ချပြီး နေ့စဉ်လေ့
ကျင့်ခန်း လုပ် ဆောင်မှုကို တိုးမြှင့်ပေးပါ။
ဆေးလိပ်မသောက်ပါနှင့် -
ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။
ကေအမ်
GOOD HEALTH
0 comments:
Post a Comment