Pages

Thursday, January 3, 2013

လွတ်လပ်ရေး နေ့ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်

ဗြိတိသျှ ကိုလိုနီ လက်အောက် မှ မြန်မာ နိုင်ငံ လွတ်မြောက် သည့် ဇန်နဝါရီ လ ၄ ရက် လွတ်လပ်ရေး နေ့တွင် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ယင်း ပါတီ၏ ရုံးချုပ်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ပါတီ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောကြားသည်။ လွတ်လပ်ရေး နေ့ အထိမ်း အမှတ် ပွဲကို ပါတီ ရုံးချုပ် တွင် မနက် ၁၁ နာရီမှ စတင် ကျင်းပ မည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွတ်လပ်ရေး နေ့ ကြေညာ စာတမ်း ကိုလည်း ဖတ်ကြား သွားမည် ဖြစ်ကြောင်း ၄င်းက ပြောပြသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က လွတ်လပ်ရေး နေ့တွင် နိုင်ငံရေး ပါတီ ဥက္ကဋ္ဌ များကို ညစာ စားပွဲဖြင့် ဧည့်ခံမည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ညစာ စားပွဲ တက်ရောက်မည် ကို သေချာ မသိရ သေးကြောင်း ၄င်းက ထပ်လောင်း ပြောကြား သည်။




The Voice Daily Newsletter

0 comments:

Post a Comment

 
world time