တက်ဘလက်တွေရဲ့ သမိုင်းကို ပြောရမယ်ဆိုရင် ၁၉၈၆ ခုနှစ်ကတည်းက စခဲ့တယ်လို့
ဆိုနိုင်ပါတယ်။ ကွန်ပျူတာ ပညာရှင် အလန်းခေးဟာ ပထမဆုံး တက်ဘလက်ပုံစံကို
စဉ်းစားတွေးခေါ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့
ထုတ်ကုန်တစ်ခုအဖြစ်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
၂၀၁၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ iPad ကတော့ ခေတ်သစ် တက်ဘလက်လောကရဲ့ ဦးဆောင်သူ ဖြစ်ခဲ့ ပါ တယ်။ မကြာခင် အချိန်မှာ Window 8 တက်ဘလက်တွေကိုလည်း ဈေးကွက်အတွင်းမှာ စိတ်ကြိုက် ဝယ် ယူနိုင်တော့မှာပါ။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အနာဂတ်ရဲ့ ကွန်ပျူတာလောကမှာ တက်ဘလက်တွေသာ ကြီးစိုး မယ် လို့
ဟောကိန်းထုတ်ခဲ့သူဟာ မိုက်ခရိုဆော့ဖ်ရဲ့ ပဲ့ကိုင်ရှင်
ဘီလ်ဂိတ်ပဲဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ် အတော်
များများမှာ တက်ဘလက်
ကွန်ပျူတာတွေကို ကိုယ်ပိုင် ထုတ်လုပ်ပြီး အသုံးပြုခဲ့တဲ့သူပါ။
ဒါကြောင့်မကြာခင်
ဈေးကွက်အတွင်းမှာ အစီအရီ မြင်ရတော့မယ့် Windows
တက်ဘလက်တွေရဲ့ သမိုင်းကြောင်းကို ပြန်လည်
တူးဆွ ကြည့်ချင်ပါတယ်။ Surface
ဆိုတဲ့ အဆင့်ရောက်လာဖို့ နှစ်ပေါင်း ၂၀ ကျော်ကြာ ဖြတ်သန်းခဲ့ရတဲ့ Windows
တက်ဘလက်တွေရဲ့ ကောက်ကြောင်းက စိတ်ဝင်စားစရာပါ။
Prototype Windows Tablet
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က Windows တက်ဘလက်တွေ စတင်ခဲ့တယ်ဆိုတဲ့
အချက် အလက်ကို ပြန်
လည်ရှာဖွေရာမှာတော့ ၁၉၉၁ ခုနှစ်မှာ NCR နည်းပညာ သုတေသန
အဖွဲ့အစည်းအနေနဲ့ မိုက်ခရိုဆော့ဖ်
နဲ့ ပူးပေါင်းပြီး Windows တက်ဘလက်
တစ်လုံး ဖန်တီးဖို့ ကြိုးစားခဲ့ကြတဲ့ အတိတ်တစ်ခုကို ပြန်လည်ရရှိခဲ့ပါ
တယ်။
သူတို့ရဲ့ ဦးတည်ချက်က ပုံမှန်လုပ်ဆောင်နေကျကွန်ပျူတာစွမ်းဆောင်ရည်တွေနဲ့မတူညီတဲ့ ဘော့ပင်စနစ်
ကွန်ပျူတာ အလုပ်လုပ်ဆောင်မှု ပုံစံဆီ
ဦးတည်ချင်ခဲ့တာပါ။Windows for Pen Computingလို့အမည်ပေးထား
တဲ့ Program
တစ်ခုကို ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
Windows 3.1 စက်လည်ပတ်မှု စနစ်နဲ့
လိုက်လျောညီထွေ လည်ပတ်နိုင်တဲ့ တက်ဘလက်ပုံစံကို ဒီဇိုင်းချနိုင်
ခဲ့ပါတယ်။
ဒါပေမဲ့ ဈေးကွက်ထဲ မရောက်ရှိခဲ့ပါဘူး။ ရိုးရိုးကွန်ပျူတာတွေကို
လူတွေအသုံးပြုဖို့ ထိထိရောက်
ရောက် အခြေအနေမပေးသေးတဲ့အချိန်မှာလုပ်ဆောင်ရည်အားနည်းမှု ရှိတဲ့တက်ဘလက်တွေရဲ့ ဈေးကွက်
က
ဂဏန်းပေါင်းစက်တွေလောက် စွဲဆောင်မှု မရှိခဲ့တာမို့ပါ။ ဒါပေမဲ့
သမိုင်းကြောင်း အရတော့ သူတို့ရဲ့ ဖန်
တီးမှုဟာ မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘီလ်ဂိတ်ဟာ ၁၉၉၁ ခုနှစ်မတိုင်ခင်ကတည်းက တက်ဘလက်တွေအပေါ် ရူးသွပ်ခဲ့တဲ့
စိတ်ခံစားမှု ရှိတာကို
လည်း တွေ့မြင်ရပါတယ်။ စတိဗ်ဂျော့ဘ်စ်ကို iPad တီထွင်ပြီး ခေတ်သစ်မို ဘိုင်း ကွန်ပျူတာ လောကကို ဦး
ဆောင်ခဲ့သူလို့
တင်စားမယ်ဆိုရင် တက်ဘလက် ကွန်ပျူတာတွေရဲ့ သမိုင်းဦးကို လက်တွေ့ဆန်ဆန်
အ
ကောင်အထည်ဖော်ခဲ့တဲ့ ဘီလ်ဂိတ်ကလည်း ဒီနည်းပညာပြောင်းလဲမှုမှာ အလေးထား
ဂုဏ်ပြုရမယ့် ပညာ
ရှင် တစ်ဦးပဲ ဖြစ်ပါတယ်။
Windows XP Tablet PC Edition
၁၉၉၁ ခုနှစ်မှာ အစပြုခဲ့တဲ့ ဘီလ်ဂိတ်ရဲ့ Windows တက်ဘလက်ဟာ၂၀၀၂ခုနှစ်မှာတော့ ပြန်လည်အသက်
ဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့၂၀၀၂ခုနှစ်မှာ
ဈေးကွက်တင်သွင်းဖြန့်ချိခဲ့ တဲ့ Windows XP Tablet PC Edition
မိုဘိုင်းကွန်ပျူတာလေးပဲ ဖြစ်ပါတယ်။
ဘော့ပင်နဲ့ ရေးသားပြီး အချက်အလက်ထည့်သွင်းနိုင်တဲ့
Pen Input စနစ်ကိုဒီတက်ဘလက်မှာအသုံးပြုနိုင်
ခဲ့ပြီး အဲ့ဒီအချိန်က
ခေတ်ရှေ့ပြေးတဲ့ ကွန်ပျူတာ တီထွင်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ဘီလ်ဂိတ်အနေနဲ့လည်း ဈေး
ကွက်ဝေစု ရရှိမှု နည်းပါးပေမယ့် နည်းပညာဆန်းတဲ့
ဒီတက်ဘလက် ကွန်ပျူတာကို သူကိုယ်တိုင် ခုံခုံမင်မင် အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာမှာတော့ လူသိများတဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိအောင်
မကြိုး
စားနိုင်ခဲ့ပါဘူး။
Fujitsu Stylistic
လက်ရှိအချိန်မှာ စက်လည်ပတ်မှု အမျိုးအစားစုံတဲ့ Stylistic စီးရီး
တက်ဘလက်တွေကို အောင်အောင်မြင်
မြင် ထုတ်လုပ်နေတဲ့ Fujitsu ဟာ Windows
တက်ဘလက်တွေရဲ့ သမိုင်းကြောင်းမှာ ပါဝင်ခဲ့ဖူးတဲ့ အမှတ်တံ
ဆိပ်တစ်ခု
ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မျက်နှာပြင် အရွယ်အစား ၁၂ ဒဿမ ၁ ရှိတဲ့ တက်ဘလက်
ကွန်ပျူ
တာ Stylistic 5010 ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Keyboard နဲ့
မျက်နှာပြင်ကို စိတ်ကြိုက်လှည့်နိုင်တဲ့ ပုံစံနဲ့ ဒီဇိုင်းဖန်တီးထားတာပါ။
အဲဒီနောက်ပိုင်းမှာလည်း Stylistic စီးရီးတက်ဘလက် ကွန်ပျူတာတွေကို
ဆက်
လက်ထုတ်လုပ်ခဲ့ပါသေးတယ်။
Lenovo ThinkPad X41
၂၀၀၅
ခုနှစ်မှာ ကျင်းပပြုလုပ်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ နည်းပညာပစ္စည်းမိတ်ဆက်ပြသပွဲမှာအမှုဆောင် အရာ
ရှိချုပ်ဖြစ်တဲ့ စတိဗ်ဘောမားက Lenovo
အမှတ်တံဆိပ် ဒီတက်ဘလက်ကွန်ပျူတာလေးကို မိတ်ဆက်ပြသခဲ့
ပါတယ်။ Windows XP ရဲ့
တက်ဘလက်စက်လည်ပတ်မှု စနစ်သစ်ကို အသုံးပြုထားတဲ့ တက်ဘလက်လေး
ပါ။
Microsoft Courier
စာအုပ်နဲ့တူတဲ့ တက်ဘလက်ကွန်ပျူတာတစ်လုံးကို မိုက်ခရိုဆော့ဖ်က၂၀၀၈ ခုနှစ်မှာဒီဇိုင်းရေးဆွဲထုတ်လုပ်
ခဲ့ပါတယ်။
ထိတွေ့မျက်နှာပြင် နှစ်ဖက်ပါဝင်တဲ့ ဒီတက်ဘလက် ကွန်ပျူတာတွေရဲ့ အမည်ကတော့
Courier ပါ။ ဈေးကွက်ထဲကို လုံးဝရောက်ရှိလာခြင်း မရှိတဲ့
ဒီတက်ဘလက်ကွန်ပျူတာဟာ Windows CE စက်လည်
ပတ်မှု စနစ် အသုံးပြုထားတယ်လို့လည်း
သိရပါတယ်။ စာဖတ်ရှုမှုတွေနဲ့ အချက်အလက်သိမ်းဆည်းမှုတွေ၊ အင်တာနက်
အသုံးချမှုတွေကို ပြုလုပ်နိုင်တဲ့ အမျိုးအစားလေးပါပဲ။
Surface Tablet
မကြာခင်မှာ ဈေးကွက်နေရာဝင်ယူနိုင်တော့မ ယ့်
မိုက်ခရိုဆော့ဖ်ရဲ့ အထူးခြားဆုံး တက်ဘလက်အမျိုးအစား
ပါ။ Windows 8
စက်လည်ပတ်မှု အသုံးပြုထားပြီး မိုက်ခရိုဆော့ဖ် ကိုယ်တိုင်
ထုတ်လုပ်ထားတာကြောင့် လူ
စိတ်ဝင်စားမှုကိုလည်း အထူးခံနေရပါတယ်။ ဆန်းသစ်တဲ့
Feature ပေါင်းများစွာကို တွေ့မြင်ရမှာ သေချာနေ
ပါတယ်။ မျက်နှာပြင်
အရွယ်အစားက စိတ်ကျေနပ်စရာ အခြေအနေဖြစ်ပြီး ထိတွေ့စနစ်တွေအပြင်
အရာဝ
တ္ထုတွေကို မှတ်သားနိုင်တဲ့ စနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။
..မြ၀တီ
0 comments:
Post a Comment