ယနေ့နံနက် (၁၀း၀၀)၀န်းကျင်က လှိုင်မြို့နယ်၊ သိရီမင်္ဂလာဈေးသစ်အနီးမက်စ်မြန်မာကုမ္ပဏီပိုင်မက်စ်
အင်နာဂျီဝင်းအတွင်း လောင်စာဆီတင်ကားတစ်စီးအသေးစားပေါက်ကွဲမှုတ စ်ရပ် ဖြစ်ပွားခဲ့သည်။ အဆိုပါကားမှာ ဆိပ်ကမ်းရှိလောင်စာဆီရေယာဉ်မှ လောင်စာဆီထည့်နေစဉ်ကားအတွင်းလက်ကျန်ဆီ များ
မှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ကမ်းလက်ထောက်တာဝန်ခံ ဦး၇ဲမြင့်အောင်က ဆိုသည်။
"ကျွန်တော်တို့က ဒီမှာ ဒီဇယ်ပဲထည့်တာ၊ လာတဲ့ကားတွေက ဒီဇယ်ရော၊အော့တိန်းရော သယ်ကြတယ်၊ အဲ
့ဒီအော့တိန်းဆီကျန်နည်းနည်းရှိနေတယ်၊ဆီထည့်ပြီး ၁၅မိနစ်လောက်ကြာတော့ အဲ့ဒီဆီကျန်တွေကနေ အ
ငွေ့ရိုက်ပြီးနောက်ဆုံး အခန်းက မီးစလောင်တာပါ"ဟု ဦးရဲမြင့်အောင်က ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့်ဦးသန်းရွှေဆိုသည့်ဆိပ်ကမ်းဝန်ထမ်းတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်မီအားချိန်မီငြိမ်း
သတ်နိုင်ခဲ့ ကြောင်း ၄င်းကဆက်ပြောသည်။
အဆိုပါလောင်ကျွမ်းမှုမှာ (၁၀)မိနစ်ခန့်ကြာမြင့်ခဲ့ပြီးမီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ကြောင်း
ကိုလည်းသိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍သီရိမင်္ဂလာဈေးအတွင်း ဈေးရောင်းသူတစ်ဦးမှအန္တရာယ်ရှိမည်ကို စိုးရိမ်မီ
ကြောင်း ယခုကဲ့သို့ဆိုသည်။
"အမတို့ဆိုင်နဲ့ဆို ကားမှတ်တိုင်တစ်တိုင်စာလောက်ဝေး တယ်၊ ဒါပေမယ့်ပေါက်ကွဲသံတော့ကြားလိုက်ရတယ်
တော်တော် သိသာပါတယ်၊လူတစ်ယောက်ဒဏ်ရာရသွား တယ် ဆိုတာလည်းသိတယ်၊ အခုက ဈေးနဲ့ကပ်
နေတော့စိုးရိမ်ရတယ်၊ Safety မဖြစ်တာတွေရှိနေရင် ဈေးအတွက် စိုးရိမ်ရတယ်"ဟုသိရိမင်္ဂလာဈေးအတွင်း
မှဈေးသည်မမျိုးမျိုးက ပြောသည်။
အဆိုပါဖြစ်စဉ်အတွက် အမှုဖွင့်ထားခြင်းမရှိဟု ရန်ကုန်တိုင်းမီးသတ်ဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
မိုးမြင့်ကျော်-(မြစ်မခ)

အဆိုပါလောင်ကျွမ်းမှုမှာ (၁၀)မိနစ်ခန့်ကြာမြင့်ခဲ့ပြီးမီ
ကိုလည်းသိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍သီရိမင်္ဂလာဈေးအတွင်း ဈေးရောင်းသူတစ်ဦးမှအန္တရာယ်ရှိမည်ကို စိုးရိမ်မီ
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍သီရိမင်္ဂလာဈေးအတွင်း ဈေးရောင်းသူတစ်ဦးမှအန္တရာယ်ရှိမည်ကို စိုးရိမ်မီ
ကြောင်း ယခုကဲ့သို့ဆိုသည်။
"အမတို့ဆိုင်နဲ့ဆို ကားမှတ်တိုင်တစ်တိုင်စာလောက်ဝေး တယ်၊ ဒါပေမယ့်ပေါက်ကွဲသံတော့ကြားလိုက်ရတယ်
"အမတို့ဆိုင်နဲ့ဆို ကားမှတ်တိုင်တစ်တိုင်စာလောက်ဝေး
တော်တော် သိသာပါတယ်၊လူတစ်ယောက်ဒဏ်ရာရသွား တယ် ဆိုတာလည်းသိတယ်၊ အခုက ဈေးနဲ့ကပ်
နေတော့စိုးရိမ်ရတယ်၊ Safety မဖြစ်တာတွေရှိနေရင် ဈေးအတွက် စိုးရိမ်ရတယ်"ဟုသိရိမင်္ဂလာဈေးအတွင်း
မှဈေးသည်မမျိုးမျိုးက ပြောသည်။
အဆိုပါဖြစ်စဉ်အတွက် အမှုဖွင့်ထားခြင်းမရှိဟု ရန်ကုန်တိုင်းမီးသတ်ဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်အတွက် အမှုဖွင့်ထားခြင်းမရှိဟု ရန်ကုန်တိုင်းမီးသတ်ဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
0 comments:
Post a Comment