ပွဲတွင် စစ်ဦးစီးချုပ်ကို
မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။ "ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ကြိုးစားဆောင်ရွက်နေ
တာ တစ်နှစ်ရှိပါပြီ ၊လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင်ပိုပြီးဆိုးရွာလာတာတွေ တွေ့လာ
ရတဲ့အခါမှာ လက်ရှိအစိုးရကိုမေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊
နောက်ကြောင်းပြန်လှည့်နေသလားလို့သံသယဖြစ်စရာတွေကျွန်တော်တို့ တွေ့လာရပါတယ်၊ နောက်ပြီးတပ်
မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်းပြောချင်ပါတယ် ၊ဒီလိုစစ်တွေဖြစ်ပြီးဖိအားပေးပြီးလုပ်နေ
တဲ့စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ်အစ္စရေးကို ပြန်ကြည့်ပါ။အခုထိမပြီးဆုံးသေးပါဘူး။ဒီလိုအချင်းချင်းစခန်း
တစ်ခုကို သိမ်းပြီးတော့မှအကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလားဆိုတာကိုကျွန်တော် မေးချင်ပါတယ် " ၄င်း
ကပြောကြားခဲ့သည် ။
ဆက်လက်ပြီး "အခုလက်ရှိကချင်ပြည်နယ်မှာထိုးစစ်ဆင်နေတဲ့ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့စစ်
ဆက်လက်ပြီး "အခုလက်ရှိကချင်ပြည်နယ်မှာထိုးစစ်ဆင်နေတဲ့ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့စစ်
လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊
ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာ
အကျိုးကျေးဇူး ရှိပါသလဲ ၊
အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ဒီလိုလုပ်
ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါ
တယ်။ " ဟု ထပ်မံပြောကြားသွားသည် ။
ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင်တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရပြည်တွင်းစစ်တွင် အသုံး
ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင်တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရပြည်တွင်းစစ်တွင် အသုံး
မပြုရန်တားမြစ်ထားသောစစ်ဂျက်လေယဉ်များ၊၁၀၅မမ ၊၁၂၀မမကဲ့သို့သောအဖျက်စွမ်းအားမြင့်အမြောက်
များနှင့် မူးဝေအော့အန်စေသော
ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကိုအသုံးပြုနေကြောင်း ကချင်
ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏ပြောကြားချက်အရ သိရသည် ။
မြန်မာခေတ်
မြန်မာခေတ်
0 comments:
Post a Comment