Pages

Tuesday, December 18, 2012

သမ္မတ ဦးသိန်းစိန် အိန္ဒိယ ခရီးစဉ်မတိုင်မီ နယူးဒေလီမှာ ထိုင်သပိတ် စတင်

လက်ပံတောင်း သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းနှင့် ကချင်ပြည်နယ်တွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို ဆန့်ကျင်သည့်အနေဖြင့် နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက သမ္မတ ဦးသိန်းစိန် အိန္ဒိယ ခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ခဲ့သည့် ငါးရက်ကြာ ထိုင်သပိတ်ကို ဆက်လက် ဆင်နွှဲလျက်ရှိကြသည်။
အိန္ဒိယနှင့် နိုင်ငံတကာမှ မြန်မာပြည် အခြေအနေမှန်အား သိရှိစေရန် မြို့လယ်ရှိ ဂျန်တားမန်တား အရပ်
တွင် ထိုင်သပိတ် လုပ်ရခြင်းဖြစ်ကြောင်း ဒေလီရှိ ရွှေဝါရောင် ကျောင်းတိုက်မှ အရှင်ပညာဇောတ က မိန့်
ဆိုသည်။

“အိန္ဒိယအစိုးရကို ဦးဇင်းတို့ တောင်းဆိုချင်တာကတော့ အခုလက်ရှိ ဦးသိန်းစိန် အစိုးရဟာ ပြည်သူတွေ
အပေါ်မှာ ဟိုအရင်ကလိုပဲ အကြမ်းဖက်မူတွေ၊ တိုင်းရင်းသားဒေသတွေမှာလည်း အကြမ်းဖက်မူတွေ ရှိ
နသေးတယ်။ ဒီအစိုးရနဲ့ ရှေ့ဆက်ပြီး လက်တွဲဆောင်ရွက်ရမယ့် ကိစ္စတွေမှာ အလေးအနက်စဉ်းစားပြီး
တာ့ ဆောင်ရွက်ပါလို့ ပြောချင်တယ်။ ထိုင်သပိတ်ဆန္ဒပြတဲ့ သူတွေကို အကြမ်းဖက်ပြီး မီးလောင်ဗုံးတွေ
နဲ့ ဖြိုခွဲခဲ့တဲ့အပေါ်မှာ အစိုးရဟာ ရာဇဝတ်မူ ကျုးလွန်လိုက်တာဘဲလို့ နိုင်ငံတကာကို သိခိုင်းစေချင်တဲ့ အ
တွက် ဒီနေ့ ဒီလိုငါးရက် တိုင်တိုင် ထိုင်သပိတ်ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

အင်အား ၅၀ ဖြင့် စတင်လိုက်သည့် ထိုင်သပိတ်တွင် ပါဝင်ဆင်နွှဲသူ ဇိုမီးအမျိုးသား ကိုမင်းထန် ကလည်း “ပြည်ပ နိုင်ငံတကာ ရောက်နေတဲ့ ဒီမိုကရေစီ ဘက်တော်သားများ ဆက်လက်ပြီးတော့ အစိုးရရဲ့ မတရား လုပ်ရပ်ပေါ်မှာ နိုင်ငံတကာမှာ ဆန္ဒဖော်ထုတ်ဖို့ ဒီကနေ တိုက်တွန်းပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကျနော်တို့
 မြန်မာပြည်လူထုတွေ ရဲ့ခံစားချက်ကို ဖော်ထုတ်တဲ့အတွက်ကြောင့် မွန်မြတ်တဲ့ ဆန္ဒဖော်ထုတ်မူ တခုဖြစ်
တယ်လို့ ကျနော် မြင်ပါတယ်” ဟု ပြောဆိုသွားသည်။

တနင်္လာနေ့တွင် စတင်လိုက်သည့် ထိုင်သပိတ်မှ သမ္မတဦးသိန်းစိန် အိန္ဒိယနိုင်ငံကို ရောက်ရှိလာမည့် ဗုဒ္ဓ
ဟူးနေ့နှင့် ပြန်လည်ထွက်ခွါမည့် သောကြာနေ့တို့တွင် ချီတက်ဆန္ဒပြပွဲများကို ပြုလုပ်သွားရန် စီစဉ်ထားရှိ
ကြာင်း သိရသည်။

ဦးသိန်းစိန်မှာ ဒီဇင်ဘာလ ၂၀ နှင့် ၂၁ နေ့များတွင် နယူးဒေလီမြို့၌ ကျင်းပမည့် အိန္ဒိယ-အာဆီယံထိပ်သီး
အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

Mizzima - News  
နယူးဒေလီ (မဇ္ဈိမ)
 

0 comments:

Post a Comment