မြန်မာ့သမိုင်းမှာ
ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက်ခဲ့တဲ့ သမိုင်း
ကြားဖူးပါရောလား။ အယ် ... အဲဒီ အယုဒ္ဓရ မြို့ကသမိုင်း
အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သား ရုပ်တုတွေရှိ
တယ်လေ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့
စစ်ထိုးနေကြတဲ့ သမိုင်းဝင်ပြ ကွက် နေ ရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက်ထဲက
ဓါးတွေ ဟာ ကြေးနဲ့ သွန်းလုပ်ထားတာတဲ့။ အခုတော့ အလက် (၃၀) ပျောက် သွားပြီ။
သူခိုး အခိုးခံရတယ်လို့ဆိုတယ်။ခိုးတာကလည်းဓါးတွေကို
ရသလောက်ဖြတ် ခိုးသွားတာ။ ပန်းခြံတာဝန်ရှိသူတွေကတော့ ကြေးကို
ပြန်ရောင်းစားဖို့ လာခိုးသွားတယ်လို့ ယူဆနေတယ်။
ဆင်တွေပေါ်က ဗမာစစ်သားတွေ လက်ထဲမှာ ရှိနေတဲ့ ဓါးတွေ ကိုတော့ ခိုးမသွားဘူးတဲ့.. အဲဒီပန်းခြံထဲက ရုပ်တုတွေကို အသက် ပိုဝင်အောင် သဘာဝအချိုးအစားအတိုင်း ထုထားတာ ဆိုတော့ ဆင်ရုပ်တုတွေက အမြင့်ကြီးလေ။ ၃ မီတာမြင့်တာ။ လူရုပ်ဆိုလဲ တကယ့် လူတွေ အရွယ်အစားအတိုင်းပဲ ၁၇၀ စင်တီမီတာ အမြင့်နဲ့။ စစ်သား တယောက်ကို လက်ထဲမှာ ကြေးဓါး ၂လက်စီနဲ့ .. အခုတော့ ဓါးအခိုးခံလိုက် ရပြီ။ တရားခံ ဘယ်သူမှန်း မသိရသေး။
Bangkok Post သတင်းစာပါ Look, there’s something missing ကို ပြန်ဆိုသည်။
Blue Cat

0 comments:
Post a Comment