လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွင်းခြင်း တစ်လပြည့် ရန်ကုန်တွင်ဆန္ဒဖော်ထုတ် ရန်ကုန်-ဒီဇင်ဘာ
၂၉ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသပိတ်စခန်းများအား
အကြမ်းဖက်ဖြိုခွင်းခြင်း တစ်လပြည့် ဆန္ဒ
ဖော်ထုတ်ခြင်းကို ယနေ့
မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်တွင် ပြုလုပ်ခဲ့သည်။
ဆန္ဒဖော်ထုတ်ရာတွင် လက်ပံတောင်းတောင်စီမံကိန်းကို ရပ်ဆိုင်းပစ်ရန်
ကြွေးကြော်ခဲ့ကြပြီး ပြည်သူများ အကျိုးကာကွယ်ရေးအတွက်
ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ပြောသည်။ ဆန္ဒဖော်ထုတ်ပွဲတွင်
လူ ၂၀ ခန့် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း
သတင်းရရှိသည်။
စိုင်းနောင်
0 comments:
Post a Comment