Pages

Pages - Menu

Saturday, December 29, 2012

လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွင်းခြင်း တစ်လပြည့် ဆန္ဒဖော်ထုတ်ပွဲ ယနေ့ မွန်းလွဲပိုင်းကပြုလုပ်


လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွင်းခြင်း တစ်လပြည့် ရန်ကုန်တွင်ဆန္ဒဖော်ထုတ် ရန်ကုန်-ဒီဇင်ဘာ
၂၉ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခြင်း တစ်လပြည့် ဆန္ဒ
ဖော်ထုတ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်တွင် ပြုလုပ်ခဲ့သည်။



ဆန္ဒဖော်ထုတ်ရာတွင် လက်ပံတောင်းတောင်စီမံကိန်းကို ရပ်ဆိုင်းပစ်ရန် ကြွေးကြော်ခဲ့ကြပြီး ပြည်သူများ အကျိုးကာကွယ်ရေးအတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ပြောသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် လူ ၂၀ ခန့် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။  
 
 
စိုင်းနောင်
 
Popular Myanmar News

No comments:

Post a Comment