Pages
(Move to ...)
▼
Pages - Menu
(Move to ...)
Home
▼
Saturday, December 29, 2012
မြန်မာ့လေကြောင်းသို့ အသစ်ရောက်ရှိနေသော ဘရာဇီးနိုင်ငံထုတ် Embraer 190 လေယာဉ် စမ်းသပ်မောင်းနှင်စဉ် ဘီးအပူချိန်မြင့်တက်ပြီး ဘီးပေါက်
စမ်းသပ်ပျံသန်းမှုပြုလုပ်စဉ် လေယာဉ်ဘီးများ ပေါက်သွားခဲ့သော E-190
လေယာဉ်ကို ရန်ကုန်လေဆိပ်တွင် စနေနေ့မွန်းလွဲတွင် တွေ့ရစဉ်။
မြန်မာ့လေကြောင်းသို့ အသစ်ရောက်ရှိနေသော ဘရာဇီးနိုင်ငံထုတ် Embraer 190 လေယာဉ်သည် ယနေ့ညနေ ၃ နာရီခွဲဝန်းကျင်၌ စမ်းသပ်မောင်းနှင်စဉ် လေယာဉ်၏ဘရိတ်စနစ်ကြောင့် ဘီးအပူချိန်မြင့်တက်ခဲ့ပြီး ဘီးပေါက်ခဲ့ကြောင်း မြန်မာ့လေကြောင်း၏ လေယာဉ်မှူးဦးသန်းထွေးက ပြောသည်။
သို့သော် လေယာဉ်မှာ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ခေတ္တရပ်နားထားခဲ့ရသည်။ လေယာဉ်အား စမ်းသပ်မောင်းနှင်ရာတွင် နိုင်ငံခြားသား လေယာဉ်မှူးများနှင့် မြန်မာ့လေယာဉ်မှူးများ ပူးတွဲ၍ မောင်းနှင်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်အဲဝေးမှ ATR (72) လေယာဉ်သည် ညနေ ၄ နာရီခွဲအချိန်က ဟဲဟိုးလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာစဉ် ပြေးလမ်း၌ လေယာဉ်ဆီယိုစိမ့်မှုကြောင့် ခရီးစဉ်အား ဖျက်သိမ်းခဲ့ရကြောင်း ရန်ကုန်အဲဝေးမှ သတင်းရရှိသည်။
သို့သော် ၎င်းလေယာဉ်အား ရန်ကုန်အဲဝေးမှ အင်ဂျင်နီယာများ ပြန်လည်ပြင်ဆင်ခဲ့ပြီး ယနေ့နံနက်
တွင် ပြန်လည်ပြေးဆွဲနေပြီဟု ရန်ကုန်အဲဝေး၏ တာဝန်ရှိသူကပြောသည်။
7Day News
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment