ရန်ကုန်၊ ဒီဇင်ဘာ ၂၉
လက်ပံတောင်းတောင် အရေး တစ်လပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ ညနေပိုင်းကဆန္ဒဖော်ထုတ်မှုတစ်ခု
ပေါ်ပေါက်ခဲ့ပြီး၊ ယင်းဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူအချို့က "ဦးပိုင်" နှင့် "၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ
ဒေ"ဟု
စာရေးကပ်ထားသည့် ခေါင်းတလား ၂ ခုအား မြေချကာ၊ ယမမင်းကြီး၏
အမိန့်ကြေညာချက်ကို ရွတ်
ဖတ်ဟန် performance ဖြင့် လမ်း ၅၀ ထိပ်ရှိ၊
မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့
ကြသည်။
 |
လက်ပံတောင်း
ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်မှောက်သံဃာများအား အကြမ်းဖက်
ဖြိုခွင်းခဲ့သည့်
နေ့ တလပြည့် အထိမ်းမှတ် ဆန္ဒပြပွဲတခုကို ၂၀၁၂ခုနှစ်၊
ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄ နာရီအချိန်က
ရန်
ကုန်မြို့တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
|
ဆူးလေမှ
ဗိုလ်တစ်ထောင်မြို့နယ်၊ လမ်း ၅၀ ရှိ ဦးပိုင်လီမိတက် ရှေ့အရောက်တွင်
ခေါင်းတလား နှစ်လုံး ယူ
ဆောင်လာပြီး တလုံးတွင် ဦးပိုင် အသက် (၂၂)နှင့်
အခြားတလုံးတွင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အသက်
(၄)နှစ်ဟု ရေးသားထားသည်ကိုတွေ့ရှိရသည်။
Popular Myanmar News
0 comments:
Post a Comment