Pages

Tuesday, November 13, 2012

ဒေါ်စုကြည်က စစ်အစိုးရရဲ့ လက်ကိုင်တုတ် ဖြစ်သွားပြီလို့ဆိုတဲ့ PDP ပါတီ


ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရနဲ့ မဟာမိတ်ဖွဲ့၊ စစ်အစိုးရ ဘက်တော်သား ဖြစ်သွားပြီလို့ အတိုက်အခံ ပါတီ တစ်ခုဖြစ်တဲ့ “ပါလီမန် ဒီမိုကရေစီ ပါတီ” Parliamentary Democracy Party (PDP-Burma) ရဲ့ ဥက္ကဌ “ဦးဘိုအောင်ဒင်”က ပြောဆိုလိုက်ပါတယ်။PDPပါတီကနိုင်ငံတ ကာ စီးပွါးရေး လုပ်ငန်းရှင်းများကိုစစ်မှန်တဲ့ဒီမိုကရေစီ အစိုးရရွေးကောက် တင်မြှောက်
ခင်း မရှိမီအထိ ရင်းနှီးမြှုပ်နှံ မပြုလုပ်ရန် တောင်းဆိုလိုက်ပါတယ်။

ဒေါ်စုကြည်က ဂငယ်ကွေ့ ကွေ့သွားပြီ (နောက်ကြောင်း ပြန်လှည့်သွားပြီ)။ အခု သူက စစ်အစိုးရရဲ့ မဟာမိတ်၊ ပူးပေါင်းဆောင်ရွက်သူနဲ့ စစ်အစိုးရရဲ့ လက်ကိုင်တုတ် ဖြစ်သွားပြီ။ စစ်အာဏာရှင်ရဲ့ မဟာမိတ် ညွန့်ပေါင်း ပါတနာဖြစ်သွားပြီ။သူ့ကိုဒီမိုကရေစီအတိုက်အခံခေါင်းဆောင်တို့၊ပြောင်းလဲရေးဝါဒီတို့၊ဒီမိုကရေစီ အိုင်ကွန်
တို့ဆိုပြီး အမွှန်းတင် ခေါ်ဆိုလို့ မရတော့ဘူး၊ မမှန်တော့ဘူး”လို့ ဦးဘိုအောင်ဒင်က ဆိုပါတယ်။
 
PDPပါတီဟာ၁၉၄၅ခုနှစ်မှာလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းပါဝင်တည်ထောင်ခဲ့တဲ့ဖက်ဆစ်ဆန့်
ကျင်ရေးနဲ့ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(theanti-FascistandthePeopleFreedomLeague)ကို တိုက်ရိုက်အမွေ
ခံထားတဲ့ ပါတီဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဦးဘိုအောင်ဒင်က“PDPပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတုကို လုံးဝ အသိအမှတ် မပြုဘူး။ ဘာကြောင့်လဲဆိုရင် စစ်အစိုးရမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲနိုင်တဲ့ အရည်အချင်း မရှိ”လို့ ပြောပါတယ်။

http://timesofindia.indiatimes.com/world/south-asia/Now-Suu-Kyi-accused-of-joining-hands-with-military/articleshow/17187649.cms?intenttarget=no

ကိုးကား

0 comments:

Post a Comment

 
world time