skip to main |
skip to sidebar
ထိုင်းနိုင်ငံရှိအကျဉ်းထောင်များတွင်မတရားကျခံနေရသော မြန်မာနိုင်ငံသားများရှိပါက နိုင်ငံတော်အဆင့်နေဖြင့် ဆောင်ရွက်သွားမည်ဟုဆို
8:07 AM
zawwinnaung
ထိုင်းနိုင်ငံရှိ
အကျဉ်းထောင် များတွင် မတရားကျခံနေရသော မြန်မာနိုင်ငံ သားများရှိပါက နိုင်ငံ
တော် အဆင့် အနေဖြင့် ဆောင်ရွက် သွားမည်ဖြ စ်ကြောင်း အ လုပ်သမား ဝန်ကြီးဌာနမှ
အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက The Messenger ဂျာနယ် သို့
အတည်ပြုပြောကြားသည်။'' ထိုင်းနိုင်ငံမှာ ရောက်နေကြ တဲ့
မြန်မာနိုင်ငံသားတွေထဲက မတ ရားသဖြင့် အကျဉ်းကျခံနေရတာရှိ ရင် ကာယကံရှင်တွေက
တင်ပြကြ ပါ၊ တရားရေးနဲ့ ပတ်သက်တဲ့ အ ကြောင်းအရာတွေကို ထိုင်းနိုင်ငံမှာ
ရှိတဲ့သံရုံးနဲ့ ချိတ်ဆက်ပြီး နိုင်ငံတော် အဆင့် အနေနဲ့
ဆောင်ရွက် သွားမှာ ပါ'' ဟု ၄င်းကပြောသည်။
လတ်တလောတွင် အကျဉ်းကျ
ခံနေရသောသူများမှာ ပြစ်မှုဥပဒေ ကျူးလွန်ခြင်းကြောင့် အကျဉ်းကျခံ
နေရခြင်းဖြစ်ပြီး၊ မတရားသဖြင့် အ ကျဉ်းကျခံနေရပါက ကာယကံရှင် များက
တင်ပြလာမှသာ နိုင်ငံတော် အနေဖြင့် သိရှိကာ ဆက်လက်ဆောင်
ရွက်နိုင်မည်ဖြစ်သည်။ထိုသို့ မဟုတ် ပါက ပြစ်မှုကျူးလွန်ခြင်းကြောင့်
အကျဉ်းကျခံနေရသည်
ဟုသာ သတ် မှတ်နိုင်မည်ဖြစ်ကြောင်း ¤င်းကဆက် လက်ပြောကြားသည်။
လက်ရှိတွင် အကြောင်းအမျိုး မျိုးကြောင့် ဥပဒေချိုးဖောက်မိ၍
ထိုင်းနိုင်ငံရှိ အကျဉ်းထောင်အသီးသီး တွင် အကျဉ်းကျနေသော မြန်မာနိုင်ငံ
သားများမှာ ၁ဝဝဝဝ ဝန်းကျင်ခန့် ရှိပြီး အချို့မှာ အမှန်တကယ်ပြစ်မှု
ကျူးလွန်၍ အဖမ်းခံရခြင်းဖြစ်သော် လည်း အချို့မှာ အပြစ်မရှိဘဲ အဖမ်း
ခံရခြင်းများလည်း ရှိနေကြောင်း သတင်းဌာနအချို့တွင် ဖော်ပြထား သည်။
ထိုင်းနိုင်ငံမှာ အကျဉ်းကျနေ ကြတဲ့ မြန်မာနိုင်ငံသားတွေထဲက အချို့က
အလုပ်လုပ်ဖို့သွားရင် အ ကျဉ်းကျခံနေရတဲ့သူတွေလည်း ရှိ တယ်လို့ သိရတယ်၊
ကိန်းဂဏန်း အရေအတွက်ကတော့ သေချာပြော လို့ မရဘူး၊ ဒါကို မီဒီယာတွေက လည်း
ထောက်ပြလာတယ်။ ဝန်ကြီး ဌာနအချို့လည်း အနည်းငယ်သိထား တာ ရှိပါတယ်။ ဒါပေမဲ့
ကာယကံ ရှင်တွေက တရားဝင်တင်ပြလာမှ သာ ကျွန်တော်တို့ဘက်က ဆောင် ရွက်လို့
ရမှာပါ၊ တချို့ကြတော့ တရားမဝင်လမ်းကနေသွားကြတာ ဆိုတော့
စုံစမ်းဖို့ခက်တာပေါ့''ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။
ထိုင်းနိုင်ငံ အကျဉ်းထောင်များ ရှိ မြန်မာနိုင်ငံသား ၁ဝဝဝဝ ဝန်းကျင် အနက်
၂ဝ ရာခိုင်နှုန်းမှ အနှစ် ၃ဝ မှ သေဒဏ်အထိ ချမှတ်ခံထားရ သော
နှစ်ကြီးသမားများပါ ရှိနေပြီး ယင်းကဲ့သို့ ဖြစ်ပေါ်နေရခြင်းမှာ
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အကျဉ်းသားလဲလှယ်ရေး စာချုပ်
ချုပ်ဆိုထားခြင်းမရှိခြင်းကြောင့် ဖြစ် ကြောင်း ပြည်တွင်းမီဒီယာအချို့ တွင်
ဖော်ပြထားချက်အရ သိရ သည်။
Messenger
world time
0 comments:
Post a Comment