ချင်းပြည်နယ်၏ စီးပွါးရေးအသက်သွေးကြောတခုဖြစ်သော အမှတ် (၂)
ကုန်သွယ်ရေးလမ်း တွင် နိုဝင်ဘာ ၈ ရက်နေ့က လူစီးကား တစီး တိမ်မှောက်ခဲ့ရာ
ပွဲချင်းပြီး ၂ ဦးသေဆုံးပြီး ၁၀ ဦး ကျော် ဒါဏ်ရာ ရရှိသည်ဟု
သ
တင်းရရှိသည်။အိန္ဒိယ-မြန်မာနယ်စပ် Tiau ချောင်းမှကလေးမြို့သို့
တက်သွားသောရွှေနယ်စပ်ခရီးသည်တင်
လူစီးကားသည်New eden နှင့် Hmun Thar ရွာကြားတွင်လမ်းချော်ကာ
တိမ်မှောက်ခဲ့သည်။ ပွဲချင်းပြီး ၂ ဦး
သေဆုံးခဲ့ရာ ခရီးသည်တော် တော်များများ
ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ ကားမှောက်တာ ၁၂ နာရီခန့်မှာ၊ ပွဲချင်းပြီး ၂ ဦးသေဆုံးတယ်၊ ပြီးတော့
ကလေးငယ်ပေါင်ကြိုး သွားတယ်၊ အချို့ခရီး သယ်တွေလည်း ဒဏ်ရာအပြင်းအထန်ရတယ်၊
ဒဏ်ရာရခရီးသည်များကို ရိဒ်ဆေးရုံသို့ ပို့ကြတယ်” ဟု တီးတိန်ဒေသခံ
အမျိုးသမီး တဦးက ပြောသည်။
အိန္ဒိယ – မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းတွင် မကြာခဏ
ကားတိမ်မှောက်လျှက်ရှိပြီး လူတော်တော် များများလည်း သေဆုံးခဲ့ရပြီဖြစ်ပြီး
အစိုးရမှ လမ်းကို ယနေ့အထိ ချော့မွေ့အောင် မပြုပြင်နိုင်ကြကြောင်း သိရသည်။
“ ကျမတို့ စီးလာတဲ့ကား က လမ်းချော်လွန်းလို့ ခရီးသည်တွေ ၈ နာရီခန့်
ခြေကျင်လျှောက် ရတယ် ” ဟု နိုဝင်ဘာ ၇ ရက်နေ့က ကလေးမြို့ကနေ နယ်စပ်ကို
ဆင်းလာသူ ခရီးသည် အမျိုး သမီးငယ် တဦးက ပြောသည်။
အဆိုပါ လမ်းကြောင်း ပေါ်ဆွဲနေသည့် ခရီးသည်တင်ကားများသည် ခရီးသည် ၇ ဦး သာ
ဆန့်မည် ဖြစ်သော် လည်း ကားပိုင်ရှင်တွေက ၁၃
ဦးခန့်ခရီးသည်တင့်လေ့ရှိကြသည်။
ချင်းပြည်နယ်၏ အဓိကလမ်းမကြီးတခုဖြစ်သည့် သိုင်းငင်းတီးတိန်လမ်း ၂၅ မိုင်
၎ ဖာလုံကို ငွေ ကျပ် ၂၉၀၉ သန်း ဖြင့် လာမယ့်နှစ်တွင် အဆင့်မြှင့်တင်မည် ဟု
အောက်တိုဘာ ၁၈ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြသည်။
ခိုနှုမ်းထုန် - သတင်း
0 comments:
Post a Comment