Pages

Sunday, November 25, 2012

Huawei မှ ပထမဆုံး ထုတ်မည့် Windows Phone 8 စမတ်ဖုန်း – Ascend W1



၂၀၁၃ CES (အီလက်ထရောနစ် ပြပွဲ) မှာ ၀င်ရောက်ပြသမယ့် တရုတ် Huawei တို့ရဲ့  ပထမဆုံး Windows ဖုန်းလို့ Rumor ထွက်နေပါတယ်။ ယခု ရက်ပိုင်းအတွက် Huawei မှ အတည်ပြုပေးဖွယ် ရှိတယ်လို့ ဆိုပါတယ်။

OS – Windows Phone 8 OS
Storage – 512MB of RAM, 4GB internal memory , SD card slot
CPU – 1.2GHz dual-core processor
Power – 2,000 mAh battery
Display – 4-inch WVGA
Camera – 5-megapixel , VGA front-facing camera (video calling)
ဈေးနှုန်းသင့်တင့်မျှတဲ့ မယ့် Windows ဖုန်းလို့ ဆိုထားပါတယ်။

Huawei ကုမ္မဏီ ထုတ်ဖုန်းများဟာ တောင်ကိုရီးယားနဲ့ အနောက်တိုင်းထုတ် specification တူ ဖုန်းများနဲ့ စာရင်
တော့ ဈေးသက်သာပါတယ်။ quality ကတော့ User အချို့ က recommend ပေးပြီး အချို့ ကျတော့ တရုတ်ဖုန်း မကြိုက်ဘူးလို့ ဆိုကြပြန်ပါတယ်။

လက်ရှိထုတ်မယ့် Ascend W1 ကတော့ ကမ္ဘာ့ဈေးကွက် ထိုးဖောက်ဖို့ ဖြစ်ပါ တယ်။ ဒါကြောင့် ကွာလတီလည်း အများလက်ခံရလောက် မယ့် အခြေအနေ တစ်ခုမှာ ကြိမ်းသေရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး အီလက်ထရော
နစ် ကုန်ပစ္စည်း ပြပွဲ CES အတွက်တောင် ရည်ရွယ်ထားတယ်ဆိုတော့ အထင်သေးလို့တော့ မရပါဘူး။ ၂၀၁၃ ပ
ထမ လေးလအတွင်း ထွက်ရှိမည် လို့ ပြောဆိုလျက် ရှိကြောင်း သိရပါတယ်။


 Aung Kham (TSJ team)
Tech Space ဂျာနယ်

0 comments:

Post a Comment