နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ ကျွန်တော်တို့ အရင်က မှားခဲ့ပါတယ် ” ဟုနေပြည်တော်
ရှိ မြန်မာအင်တာနေရှင်နယ် ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော မြေယာပိုင်ဆိုင်လုပ်ကိုင်ခွင့်နှင့်အသုံးပြုခွင့်ဆိုင်
ရာ အမျိုး သားအဆင့် ဆွေးနွေးပွဲ၊ ယနေ့နံနက်ပိုင်းတွင်ပြောကြားသည် ။ဝန်ကြီးမှ ထိုသို့ပြောလိုက်ခြင်းအား သမ္မတရုံးမှ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေက “ကျွန်တော်တို့အရင်ကမှားခဲ့
ပါတယ်ဟု ၀န်ခံခြင်းကို ပထမဆုံးအကြိမ် ကြားဖူးတာပါ ” ဟု ယင်းဆွေးနွေးပွဲတွင် ပါဝင်သော အလုပ်သမားလယ်
သမားအရေး ဆောင်ရွက်နေသူ ကိုဝေဠုက ပြောကြားသည်။
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “အရင်တုန်းက ကျွန်တော်တို့ မှားခဲ့တာ ဟုတ်ပါတယ်။အခုက အ
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “အရင်တုန်းက ကျွန်တော်တို့ မှားခဲ့တာ ဟုတ်ပါတယ်။အခုက အ
တတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျှက်
ရှိနေပါတယ်။ အားလုံးရဲ့အသံတွေကို ကျွန်တော်တို့ကြားနေပါတယ်။ အဲဒီ
အထဲက
အကောင်းဆုံးဟာတွေကို ပြည်သူတွေ အတွက် ဆောင်ရွက်မှာပါ။ ဥပဒေတစ်ခု ထုတ်ထားသော်လည်း
လက်ရှိ အခြေအနေအရ ပြည်သူ့အတွက် မလိုအပ်ရင် ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဆွေးနွေးကြမယ်ဟု ပြော
ကြားပြီးနောက် “ ပိုကောင်းတဲ့ဥပဒေကို ပြန်လည်ပြုလုပ်ကြမယ်”ဟု၎င်းက ဆက်လက်ပြောကြားသည်။
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကလည်း “မြေပုံညွှန်ပြပြီး လုပ်တယ်ဆိုတာမျိုး မရှိတော့ပါဘူး။အဲ့
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကလည်း “မြေပုံညွှန်ပြပြီး လုပ်တယ်ဆိုတာမျိုး မရှိတော့ပါဘူး။အဲ့
ဒီခေတ် ကုန်သွားပြီ။ ဒီ ခေတ်က
ပွင့်လင်းတဲ့ခေတ်ရောက်နေပြီ။ ရင်းနှီးမြုပ်နှံမှုလုပ်မယ်၊တစ်ခုခုလုပ်တော့မယ် ဆို
ရင် ကိုယ့်သဘောနဲ့ ကိုယ်မလုပ်ကြတော့ပါဘူး ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
The Myanma Age
0 comments:
Post a Comment