မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်း လာသော မြန်မာလုပ် မူးယစ်ဆေးဝါး
ကျပ်သိန်း ၁၀၀ ခန့်အား ကြာသပတေးနေ့က ဖမ်းဆီးမိကြောင်း ဘင်္ဂလာေ ဒ့ခ်ျနိုင်ငံ
တာခ်နာမြို့ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) အမှတ် ၄၂ တပ်ရင်းမှ
တပ်ရင်းမှူး ဇာဟိဒ် က ထုတ်ဖေါ် ပြောဆိုလိုက်သည်။ယင်းBGB မှ နိုဝင်္ဘာ ၂၂ ရက်နေ့က Golden အရက် ၃၆၀ ကာတွန့်၊ ဘီယာ ၉၆ကာတွန့်၊ Country Gin ၂၀၂ လုံး
၊ မန္တလေး ဘီယာ ၁၅၅ လုံးနှင့်
တခြားမူးယစ်အရက်များ အပါအ၀င် စုစုပေါင်း တာကာ ၉၇၀၀၀၀ (ကျပ်သိန်း ၁၀၀ ခန့်)
တန်ဖိုးအား မူးယစ် ရောင်းဝယ်ဖေါက်ကားသူ ၄ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း
ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူများမှာ ဘင်္ဂလီများဖြစ်ပြီး ဇာဖေါ်ရ် အာလောင်မ်(၆၀)နှစ်၊
ဖေါ်ရိဒ် (၁၂)၊ မာဟ်ဖူဇူရ် ရော်ဟ်မာန် (၁၈)နှင့် နရုမိုစ္စတာ(၁၈)နှစ်
ဖြစ်ကြောင်းလည်း အတည်ပြုပြောဆိုခဲ့သည်။
ထို့ပြင် ကော့စ်ဘဇားမြို့ ရဲဋ္ဌာန က မြန်မာလုပ် ရာဘားဆေးပြား ၆၀၀
လုံးနှင့်အတူ မူးယစ်ဖေါက်ကားသူ မိုဟာမတ် အိုစမာ(၃၀)နှစ် အား ကော့စ် ဘဇားမြို့
ကားဂိတ်မှ ကြာသပတေးနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့ကထုတ် DAINIK
COX'S BAZAR သတင်းစာက ဆိုသည်။
Arakantimes
0 comments:
Post a Comment