ဆော်ဒီအာရေဗျ
နိုင်ငံတွင်ကရိုနိုဗိုင်းရပ်စ် ပျံ့ပွားသည့် ဖြစ်စဉ်တစ်ခု
ထပ်မံပေါ်ပေါက်လာကြောင်းကျန်း မာ
ရေးဌာန တာဝန်ရှိသူများ အတည်ပြု ပြောဆိုခဲ့သည်။ဆော်ဒီအစိုးရက လူတစ်ဦးသည် ကရိုနိုဗိုင်းရပ်စ် ကူး
စက်ခံရကြောင်း တွေ့ရှိရသည့်နောက် ရီ ယာ့ဒ်မြို့တော် ရှိ ဆေးရုံတစ်ခုတွင်
ကုသမှု ခံယူနေရကြောင်း
ကြေညာခဲ့သည်။ ကူးစက်ခြင်း ခံရသူကို ရီယာ့ဒ်မှ ထွက်ခွာခွင့် မပေးသလို ၎င်း၏ ခန္ဓာကိုယ်ရှိ
ဗိုင်းရပ်စ်ပိုး ကို ဆော်ဒီ အာရေ
ဗျ ပြင်ပ နိုင်ငံများမှ ဓာတ်ခွဲခန်းများသို့
ပို့ဆောင် စမ်းသပ်စေကြောင်းကျန်းမာရေးဝန်ကြီး ဌာနက ပြောကြား
ခဲ့သည်။
လူနာကို ဗိုင်းရပ်စ်ပိုး ကင်းစင်အောင်ကုသနေဆဲဖြစ်ပြီး ၎င်း၏ကျန်းမာရေးအခြေ အနေ ကောင်းမွန်ကြောင်း
လူနာကို ဗိုင်းရပ်စ်ပိုး ကင်းစင်အောင်ကုသနေဆဲဖြစ်ပြီး ၎င်း၏ကျန်းမာရေးအခြေ အနေ ကောင်းမွန်ကြောင်း
လည်းသိရသည်။ ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ်
ကူးစက်မှုကြောင့်အနည်းဆုံးလူ (၂) ဦး သေဆုံးခဲ့သည့်နောက်
ယင်းကို အလေးထား
လေ့လာခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီမှ ဗြိတိန်နိုင်ငံသို့သွားရောက်သည့်ကာတာနိုင်ငံသား
တစ်ဦးမှာလည်း ယင်းဗိုင်းရပ်စ်ကြောင့် အပြင်းအထန်
ဖျားနာခဲ့သေး သည်။
ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဖြစ်သူ အက်ဘ်ဒူလာ အယ်လ်ရာဘီက ဟာ့ဂ်ျခရီးသွား ရာသီ မတိုင်မီက တည်း
ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဖြစ်သူ အက်ဘ်ဒူလာ အယ်လ်ရာဘီက ဟာ့ဂ်ျခရီးသွား ရာသီ မတိုင်မီက တည်း
က ဗိုင်းရပ်စ် ကူးစက်မှုကို
ကန့်သတ်ထားနိုင်ပြီး ဝတ်ပြု ခရီးသည်များအတွက် ဆိုးရွားသော ခြိမ်းခြောက် မှု
မရှိနိုင်ဟု ပြောဆိုထားခဲ့သည်။
ထို့အပြင် ကရိုနို ဗိုင်းရပ်စ်ကြောင့် အသေအပျောက် ရှိသည်အထိ အခြေအနေ ဆိုးတတ်သည်မှာ အလွန်
ထို့အပြင် ကရိုနို ဗိုင်းရပ်စ်ကြောင့် အသေအပျောက် ရှိသည်အထိ အခြေအနေ ဆိုးတတ်သည်မှာ အလွန်
ဖြစ်ခဲသောအခြေအနေမျိုးဖြစ်ပြီးလူနာအများစုမှာ ပြန်လည်သက်သာ
ပျောက်ကင်းလေ့ ရှိကြောင်းလည်း
ဆော်ဒီကျန်းမာရေး အာဏာပိုင်များက ပြောဆိုထားသည်။
Xinhua Planet Myanmar Network
Xinhua Planet Myanmar Network
0 comments:
Post a Comment