မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် လေကြောင်းလိုင်း အသစ်တခု
ပေါ်လာပါတော့မယ်။ လူတိုင်း လေယာဉ် စီးနိုင်ဖို့ အတွက်
ရွှေမြန်မာလေကြောင်းလိုင်း အသစ်တခုဟာ လာမယ့် နှစ်ဆန်း ဖေဖော်ဝါရီလက စ
Irrawaddy
တင်ပြီး လူ ၁၈၀ ဆန့်တဲ့ A 320 Air Bus လေယာဉ်တွေနဲ့ ပြည်တွင်း- ပြည်ပကို ပြေးဆွဲပေးမှာဖြစ်ပါတယ်တဲ့။ A 320 Air Bus လေယာဉ်တစင်းဟာလည်း လာမယ့် ဒီဇင်ဘာလ မှာ မြန်မာနိုင်ငံကို ရောက်လာမှာဖြစ်ပါ တယ်တဲ့။
သစ်ပြေးဆွဲမယ့် ရွှေမြန်မာ လေကြောင်းလိုင်းကို အများပိုင် ကုမ္ပဏီအဖြစ် ဖန်တီးသွားဖို့ ကျပ်သန်းပေါင်း ၁၀၀ ကို အစုရှယ်ယာအဖြစ်သတ်မှတ်ထားပြီး အစုရှယ်ယာ တစုလျှင် ကျပ်ငွေ ၁ သောင်းနှုန်းနဲ့ ရောင်းချဖို့ လည်း အစီအစဉ်ရှိပါတယ်လို့ အစိုးရ သတင်းစာတွေက ဆိုပါတယ်။
"မြန်မာပြည်သူအတွက် ရွှေမြန်မာ လာပြီဗျို့ လူတိုင်းလေယာဉ်စီကြစို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့ စီစဉ်ဆောင် ရွက်နေတာဖြစ်ပါတယ်။

0 comments:
Post a Comment