Pages

Thursday, November 8, 2012

မြန်မာဘောလုံးအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၈ ဆင့် ခုန်တက် ၊ အာဆီယံတွင် အဆင့် ၄ ၌ ရောက်ရှိကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်

မြန်မာဘောလုံးအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၈ ဆင့် ခုန်တက်

အာဆီယံတွင် အဆင့် ၄ ၌ ရောက်ရှိကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်

ရန်ကုန်၊နိုဝင်ဘာ-၇

ဆူဇူကီးခြေစစ်ပွဲရလဒ်ကောင်းကြောင့် မြန်မာဘောလုံးအသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ယခင်လထက် အဆင့် ၂၈ နေရာ ကျော်တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။

နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်းသည် ရမှတ် ၁၄၉ မှတ်ဖြင့် ယခင်လ အဆင့်ရပ်တည်ချက် ၁၈၄ ထက် အဆင့်နှစ်ဆယ်ကျော် ခုန်တက်ကာ အဆင့် ၁၅၆ သို့ ရောက်ရှိလာသည်။ အရှေ့တောင်အာရှတွင် အဆင့်လေးနေရာ၌ ရပ်တည်လာခဲ့ကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်သည်။

ဒေသတွင်းနိုင်ငံများ၌ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၁၃၈၊ ဖိလစ်ပိုင်အသင်းက ၁၄၃၊ ထိုင်းအသင်းက ၁၄၆၊ မလေးရှားအသင်းက ၁၆၃၊ စင်ကာပူအသင်းက ၁၆၃၊ အင်ဒိုနီးရှားအသင်းက ၁၆၅၊ လာအိုအသင်းက ၁၇၉၊ ဘရူနိုင်းအသင်းက ၁၈၇၊ တီမောအသင်းက ၁၈၇၊ ကမ္ဘောဒီးယားအသင်းက အဆင့် ၁၉၁ တို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

ဆူဇူကီးဖလားခြေစစ်ပွဲဝင် အသင်းများထဲမှ ကမ္ဘောဒီးယားအသင်းတစ်သင်းသာ ယခင်လထက် နှစ်ဆင့်လျော့ကျသွားပြီး အရှေ့တောင်အာရှနိုင်ငံများတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ လာအို၊ ဘရူနိုင်း၊ တီမောအသင်းများသည်လည်း ယခင်လထက် အဆင့်တစ်ဆယ်ကျော် မြင့်တက်လာခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း၏ အဆင့်နှစ်ဆယ်ကျော် မြင့်တက်မှုမှာ ယခုလအတွင်း ဒေသတွင်းနိုင်ငံများထဲ၌ အများဆုံးဖြစ်သည်။

လာမည့် ဆူဇူကီးဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရလဒ်များကောင်းမွန်ပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင်မူ စပိန်အသင်းက ကမ္ဘာ့အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ အီတလီ၊ အင်္ဂလန်၊ နယ်သာလန်၊ ကိုလံဘီယာ၊ ရုရှား၊ ခရိုအေးရှားအသင်းများက အစဉ်လိုက် ရပ်တည်နေသည်။

နာမည်ကြီး ဘရာဇီးအသင်းမှာ ကမ္ဘာ့အဆင့် ၁၃ တွင် ရပ်တည်နေပြီး အာရှနိုင်ငံများတွင်မူ ဂျပန်အသင်းက ကမ္ဘာ့အဆင့် ၂၄ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။
ဆူဇူကီးခြေစစ်ပွဲရလဒ်ကောင်းကြောင့်မန်မာဘောလုံးအသင်းသည်ဖီဖာ၏ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်ယခင်လထက်အဆင့်၂၈
နေရာ ကျော်တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။ နိုဝင်ဘာ၇ရက်ကထုတ်ပြန်ခဲ့သောကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်မြန်မာအသင်းသည်ရမှတ်၁၄၉မှတ်ဖြင့်ယခင်လ အဆင့်ရပ်တည်
ချက်၁၈၄ထက်အဆင့်နှစ်ဆယ်ကျော်ခုန်တက်ကာအဆင့် ၁၅၆ သို့ ရောက်ရှိ လာသည်။ အရှေ့တောင်အာရှတွင် အဆင့်လေးနေရာ၌ ရပ်တည်လာခဲ့ကာ ယခုနှစ်ပိုင်း အတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်သည်။

ဒေသတွင်းနိုင်ငံများ၌ဗီယက်နမ်အသင်းကကမ္ဘာ့အဆင့်၁၃၈၊ဖိလစ်ပိုင်အသင်းက ၁၄၃၊ ထိုင်းအသင်းက ၁၄၆၊ မလေးရှားအသင်းက ၁၆၃၊ စင်ကာပူအသင်းက ၁၆၃၊ အင်ဒိုနီးရှားအသင်းက ၁၆၅၊ လာအို အသင်းက ၁၇၉၊ ဘရူနိုင်းအသင်းက ၁၈၇၊ တီမောအသင်းက ၁၈၇၊ ကမ္ဘောဒီးယားအသင်းက အဆင့် ၁၉၁ တို့ တွင် အသီးသီးရပ်တည်လျက်ရှိသည်။

ဆူဇူကီးဖလားခြေစစ်ပွဲဝင်အသင်းများထဲမှကမ္ဘောဒီးယားအသင်းတစ်သင်းသာယခင်လထက်နှစ်ဆင့်လျော့ကျသွားပြီးအရှေ့တောင်
အာရှနိုင်ငံများတွင်နောက်ဆုံးအဆင့်သို့ရောက်ရှိသွားသည်။လာအို၊ဘရူနိုင်း၊တီမောအသင်းများသည်လည်းယခင်လထက် အဆင့်
တစ်ဆယ်ကျော်မြင့်တက်လာခဲ့သည်။ထို့ကြောင့်မြန်မာအသင်း၏အဆင့်နှစ်ဆယ်ကျော်မြင့်တက်မှုမှာ ယခုလအတွင်း ဒေသတွင်း
နိုင်ငံများထဲ၌ အများဆုံးဖြစ်သည်။

လာမည့်ဆူဇူကီးဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲတွင်မြန်မာအသင်းအနေဖြင့်ရလဒ်များကောင်းမွန်ပါကကမ္ဘာ့ အဆင့်သတ်မှတ်ချက်
မှာယခုထက်ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။ကမ္ဘာ့နိုင်ငံများတွင်မူစပိန်အသင်းကကမ္ဘာ့အဆင့်၁နရာတွင် ဆက်လက်ရပ်တည်နေပြီး ၎င်း၏နောက်တွင်ဂျာမနီ၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ အီတလီ၊ အင်္ဂလန်၊ နယ်သာလန်၊ ကိုလံဘီယာ၊ ရုရှား၊ ခရိုအေးရှားအသင်းများက အစဉ်လိုက် ရပ်တည်နေသည်။

နာမည်ကြီး ဘရာဇီးအသင်းမှာ ကမ္ဘာ့အဆင့် ၁၃ တွင် ရပ်တည်နေပြီး အာရှနိုင်ငံများတွင်မူ ဂျပန်အသင်းက ကမ္ဘာ့ အဆင့် ၂၄ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။
 
7daynews

0 comments:

Post a Comment