Pages

Thursday, November 8, 2012

လူ ၅၅ ယောက် ၅ နာရီကြာ ငရဲကျ


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် သာယာအဝေးပြေးဂိတ်မှ ပုသိမ်  သို့ပြေးဆွဲလျက်ရှိသော “ချမ်းမြေ့ အေး” အ
ဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးကားလက်မှတ်ဝယ် ယူစဉ်တွင် နေ့လယ် ၁၂း၀၀ နာရီ  ထွက်မည်ဖြစ်သော
ကြောင့် AIRCON Experss လားဟုမေး  ရာ လက်မှတ်ရောင်းသောလူငယ်   က AIRCON Experss  ဖြစ်
ကြောင်း ပြော သည်။
ကားစထွက်လျှင်ထွက်ခြင်း Aircon ဖွင့်ထားပြီး မောင်းသွား  လိုက်ရာ ပန်းတနော်မြို့နယ်အပိုင် ကြိမ်ပင်ဆည်
စားသောက်ဆိုင်၌ ယာဉ်ရပ်နားပြီး စားသောက်၍ယာဉ်ပြန်ထွက်သည့်အချိန်မှစ၍အဆိုပါAIRCON Experss
ကား ပေါ်ပါလာသည့်ခရီးသည်ထိုင်ခုံ ၄၅ ယောက်အလယ်ခုံ ၁၀ ယောက်စုစုပေါင်း ၅၅ ယောက်မှာ ချမ်မြေ့
အးကားကိုစီးပြီး မချမ်းမြေ့ဘဲ၊ မအေးဘဲပူလောင်သည့်ဒဏ်ကို ရန်ကုန်မှပုသိမ်၅ နာရီအပူ လောင်တိုက်
အသွင်းခံထားရ၍ ကားသမားအားပြောသောအခါ ဘာမျှပြန်မပြောဘဲ ဂရုမစိုက်သည် ပုံမျိုးလုပ်နေကြောင်း အဆိုပါ ချမ်းမြေ့အေးကားပေါ်တွင် ပါဝင်  လာသည့် ခရီးသည်အဒေါ်ကြီး တစ်ယောက်က ပြောသည်။

ထိုကဲ့သို့ခရီးသည်များအားမလိမ့်တပတ်ပြောဆိုညာရောင်း ပြီးမိမိငွေရရှိရေးတစ်ခုတည်းကိုသာရှေ့တန်း
တင်ပြီး “ဘယ်သူ သေသေငတေမာရင်ပြီးရော” မပြု   လုပ်ကြပါရန်၊ သက်ဆိုင်ရာမှ ကြီးကြပ်ဆောင်ရွက်
ပေးပါရန် ၁.၁၁.၂၀၁၂ ရက် ခုံနံပါတ် ၁၅-၁၆ တွင်လိုက်ပါလာသော ဦးစိန်ဝင်းနှင့် ဦးတင်ဦးက ပြောကြ ပါသည်။

အရိန္ဒမာ (ဘိုးကလေး)

0 comments:

Post a Comment

 
world time