Pages

Thursday, November 8, 2012

နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ်ရှိ

 
clinton

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်မှ ဟီလာရီကလင်တန် နုတ်ထွက်ဖွယ်ရှိနေဆဲဟုအမေရိကန်အစိုးရ
တာဝန်ရှိသူတစ်ဦးကထုတ်ဖော် ပြောကြားခဲ့သည်။အမေရိကန်၏ နိုင်ငံတကာ ရေးရာကဏ္ဍများတွင်အဓိက
အကြီးအကဲအဖြစ် ဦးဆောင်နေသော ဟီလာရီသည် ရွေးကောက်ပွဲမတိုင်မီကာလကတည်းကလက်ရှိရာထူး
ကို စွန့်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
လက်ရှိတွင်အမေရိကန်သမ္မတအဖြစ်ဘာရတ်အိုဘားမားပင် ရွေးကောက်ပွဲ အောင်မြင်မှုဆက်လက်ရှိခဲ့
သည့်တိုင် ဟီလာရီ၏ မူလအစီအစဉ် ပြောင်းလဲဖွယ် မရှိဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အ
မျိုးသမီး ဗစ်တိုးရီးယား နူလန်က ပြောဆိုခဲ့သည်။
 

နူလန်က "ကျွန်မကတော့ ဝန်ကြီးဟာ သူ့အစီအစဉ်ကို ပြောင်းမယ် မထင်ဘူး"ဟု ဆိုသည်။ သူမက "ဝန်ကြီး
က သူ့နေရာမှာအပြောင်းအလဲအဖြစ်ဆက်ခံနိုင်မယ့်သူတစ်ယောက်ကို မြင်ချင်ပါတယ်လို့ ခဏခဏ ပြောခဲ့
တာကို ရှင်တို့ ကြားပြီးသားပဲ။ ဝန်ကြီးက သာမန် ပုဂ္ဂိုလ်ရေး ဘဝမျိုးဆီ ပြန်သွားပြီး အနားယူချင်စိတ် ရှိနေ
ပါတယ်။ ဒါတွေကို သူအလေးအနက် စဉ်းစားထားတာ မဟုတ်လား"ဟု သတင်းထောက်များအား ပြောကြား
သွားသည်။ 
အသက်(၆၅)နှစ်ရှိ ဟီလာရီသည် သူမအနေဖြင့် (၂၀၁၃)ခုနှစ်၊ဇန်နဝါရီလတွင်(၄)နှစ်ရာထူးသက်တမ်း ပြည့်
မြောက်ချိန်၌ လက်ရှိ ရာထူးကို စွန့်လွှတ်ရန် စဉ်းစားထားကြောင်း မကြာခဏ ပြောဆိုခဲ့ဖူးသည်။

Source: Xinhua

0 comments:

Post a Comment

 
world time