အီဂျစ်နိုင်ငံခြားရေးဝန်ကြီးကထုတ်ပြန်ကြေညာသည်။ထို့အတူ အစ္စရေးဝန်ကြီးချုပ်နက်တန်ယာဟူကလည်း
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်းကို အတည်ပြုပြောကြားသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့် ဆက်သွယ်ဆွေးနွေးမှုအပြီးတွင် အီဂျစ်၏ အပစ်အခတ်ရပ်စဲရေး အဆိုပြု
ချက်ကို အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက သဘောတူညီလိုက်ကြောင်း ဝန်ကြီးချုပ်၏ရုံးမှ ထုတ်ပြန်
သည့် ကြေညာချက်တွင် ဖော်ပြသည်။ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးမှာ ဒေသစံ
တော်ချိန် နိုဝင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးည ၉း၀၀ နာရီတွင် စတင်သက်ရောက်မည်ဖြစ်သည်။
နောက် ယခု သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် အီဂျစ်သမ္မတ မိုဟာမက်မော်စီနှင့် တွေ့ဆုံကာ ၈ ရက်ကြာမြင့်ခဲ့ပြီဖြစ်သည့် အစ္စရေး-ဟားမတ်စ် တိုက်ပွဲများ အဆုံးသတ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ အစ္စရေးနှင့် ဟားမတ်စ်တို့၏ အပြန်အလှန် တိုက်ခိုက်မှုများအတွင်း ဂါဇာကမ်းမြောင်တွင် ကလေးငယ် ၄၁ ဦးနှင့် အမျိုးသမီး ၁၁ ဦးအပါအဝင် စုစုပေါင်း ၁၆၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
Planet Myanmar
0 comments:
Post a Comment