အွန်လိုင်းမှမီတာဆောင်နိုင်သောစနစ်ကိုနေပြည်တော်နှင့် မန္တလေးမြို့ တွင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ အဆိုပါဘဏ်တွင် Online Payment အကောင့် တစ်ခု ဖွင့် ကာ
ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “အွန်လိုင်းဖုန်းဘီလ်ဆောင်တဲ့ အကောင့်နဲ့လည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
မီတာဘီလ်လာရင် ရတဲ့စာရွက်
ပေါ်မှာပါတဲ့ မီတာပိုင်ဆိုင်တဲ့ နံပါတ်နဲ့
အွန်လိုင်းမီတာဘီလ် ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု အာရှစိမ်းလန်းမှု
ဖွံ့ဖြိုးရေးဘဏ်၏ Online Payment Section, ICT Department မှဖြေကြားသည်။
အဆိုပါစနစ်ကို ယခုလဆန်းပိုင်းတွင်စတင်အသုံးပြု နိုင်ခြင်းဖြစ်ပြီး
နေပြည်တော်တွင်ကနဦးအသုံးပြုနိုင်ခြင်း
ဖြစ်ကြောင်း၊ ၎င်းနောက် မန္တလေးတွင်
ဆက်လက်အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
မီတာဘီလ် ဆောင်ရန်အတွက်
အကောင့်ဖွင့်ရာတွင် နောက်ဆုံးဆောင်ထားသော ဖြတ်ပိုင်း (မီတာနံပါတ်
ပါရှိရမည်) မူရင်းလိုအပ်မည်ဖြစ်သည်။
မီတာဘီလ်တစ်ကြိမ်ပေးသွင်းလျှင် ၀န်ဆောင်စရိတ် ကျပ်ငါးရာဖြစ်
ကြောင်း သိရသည်။
http://ebilling.ypay.com.mm/မှတစ်ဆင့် ပေးဆောင်နိုင်မည်ဖြစ်သည်။အွန်လိုင်းစနစ်ဖြစ်၍ မိမိနှစ်သက်သော
http://ebilling.ypay.com.mm/မှတစ်ဆင့် ပေးဆောင်နိုင်မည်ဖြစ်သည်။အွန်လိုင်းစနစ်ဖြစ်၍ မိမိနှစ်သက်သော
အချိန်တွင် မည်သည့်နေရာမှမဆို အွန်လိုင်းမှတစ်ဆင့်
ဘီလ်ဆောင်နိုင်မည်ဖြစ်သည်။
“ဖုန်းဘီလ်လောက်တော့ မီတာဘီလ်ဆောင်တဲ့နေရာမှာ တန်းစီရတာ မများဘူးလို့ထင်ပေမယ့် တစ်ခါ
“ဖုန်းဘီလ်လောက်တော့ မီတာဘီလ်ဆောင်တဲ့နေရာမှာ တန်းစီရတာ မများဘူးလို့ထင်ပေမယ့် တစ်ခါ
တလေကျရင် အရမ်းကျပ်တာမျိုးတွေ ရှိပါတယ်။ ရန်ကုန်မှာလည်း မီတာဘီလ်ကို မကြာခင် ဆောင်နိုင်ဖို့
မျှော်လင့်ပါတယ်” ဟု အင်းစိန်မြို့နယ်ရှိ အိမ်ရှင်မတစ်ဦးကပြောသည်။
Online Payment Account ဖွင့်လှစ်ခြင်းမှာ ဖုန်းဘီလ်များ၊ လျှပ်စစ်မီတာ
ဘီလ်များ၊ အခြားပေးဆောင်ရမည့်
အခွန်အခများနှင့် Online Shopping/ Online
Payment များအတွက်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အာရှစိမ်းလန်းမှု
ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် Online Payment Accountဖွင့်လှစ်နိုင်သောဘဏ်ခွဲများမှာ နေပြည်
တော်ဘဏ်၊ ကမာရွတ်ဘဏ်ခွဲ၊ လမ်းမတော်ဘဏ်ခွဲ၊
ဘုရင့်နောင်ဘဏ်ခွဲ၊ဦးချစ်မောင်လမ်းဘဏ်ခွဲ၊မန္တလေး
ဘဏ်ခွဲ၊
မြစ်ကြီးနားဘဏ်ခွဲနှင့် မကွေးဘဏ်ခွဲတို့ဖြစ်ကြောင်း သိရသည်။
internet journal
internet journal
0 comments:
Post a Comment