နိုင်ငံတကာမီဒီယာအများစုကဘင်္ဂလာဒေခ်ျ့နိုင်ငံမှစက်လှေများဖြင့်ခိုးထွက်ပြီးမလေးရှားသို့ သွားလာနေကြ
သူများမှာမြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖေါက်ခံရ၍ထွက်ပြေးတိမ်းရှောင်လာရသူ ရိုဟင်ဂျာဆိုသူများ
ဖြစ်ကြောင်းထုတ်ဖေါ်ရေးသားနေကြခြင်းမှာမဟုတ်မမှန်ဘဲလိုသည်ထက် တမင်ချဲ့ကား ရေးသားနေကြသ
ည်ဟုဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက
ယမန်နေ့က သတင်း ထုတ်ဖေါ် ရေးသားလိုက်သည်။
ဘင်္ဂလာဒေခ်ျ့မှအကြီးဆုံး သတင်းဌာန တစ်ခု ဖြစ်သော United News of
Bangladesh (UNB) က ယမန်နေ့က Bangladesh join Rohingya in search of
opportunity တွင် ထိုသို့ ထုတ်ဖေါ် ရေးသားလိုက်ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်္ဘာလ ၇ ရက်နေ့ အတွင်း လူပေါင်း ၂၄၅ ဦးကို
တင်ဆောင်လာသော လူမှောင်ခို စက်လှေ နှစ်စီး ကော့စ်ဘဇား ခရိုင် တက်ကနက်
ကမ်းခြေတွင် နစ်မြုပ်ခဲ့သည်။ လှေနစ်မြုပ်ရာမှ လူ ၂၈ ဦးကို ဆယ်ယူခဲ့ရာ
တ၀က်နီးပါးမှာ ရိုဟင်ဂျာ ဆိုသူများ မဟုတ်ဘဲ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ
ဖြစ်ကြောင်း UNB က ရေးသား ဖေါ်ပြသည်။
သို့ရာတွင် နိုင်ငံတကာ သတင်း မီဒီယာများက အဆိုပါ လှေစီးပြီး
သွားသူများမှာ ရိုဟင်ဂျာ ဆိုသူများ ဖြစ်ကြောင်း ရေးသား ဖေါ်ပြခဲ့ကြဟု
ဆိုသည်။
UNB သတင်းဌာနက ဘီဂျီဘီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့မှ
ဗိုလ်မှူးကြီး Mohammad Zahid Hasan ကို ကိုးကားရေးသားရာတွင် နိုင်ငံတကာ၏
အာရုံ စူးစိုက်မူ ရယူလိုသဖြင့် ထိုသို့ ရေးသားခြင်းနေခြင်းမှာ လုံးဝ
မှားယွင်းပြီး လူမှောင်ခိုသွားသူတိုင်းသည် ရိုဟင်ဂျာ မဟုတ်ကြောင်း
ဗိုလ်မှူးကြီးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။
၎င်းပြင် လှေစီးပြီး သွားကြသူ တ၀က်ခန့်မှာဘင်္ဂလာဒေခ်ျ့
နိုင်ငံသားများဖြစ်ကြသော်လည်း မည်သည့် သတင်းဌာနကမှ ဘင်္ဂလာဒေခ်ျ့
နိုင်ငံသားများ ဖြစ်ကြောင်း မဖေါ်ပြကြတော့ကြောင်းနှင့် ယနေ့ ဘင်္ဂလာဒေခ်ျ့မှ
မလေးရှားသို့ သွားနေကြသူများအထဲတွင် ၆၀ နှင့် ၆၅ ရာခိုင်နုန်းမှာ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြသည်ဟု ဆိုသည်။
ယခုကဲ့သို့ သတင်းအမှား အမှန်ကို မဆန်းစစ်ဘဲ ရိုဟင်ဂျာ အရေးကို ဇောင်းပေး
ရေးသားနေရာတွင် နိုင်ငံခြား သတင်းဌာနများသာမက ပြည်ပ အခြေစိုက် မြန်မာ
သတင်းဌာန တချို့လည်း ရှေ့တန်းမှ ပါဝင်နေကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်နေကြသော လူငယ် တစ်ဦးအနေဖြင့်
မလေးရှားနှင့် အာရပ် နိုင်ငံများသို့ တရားဝင် အလုပ်သွားလုပ်မည် ဆိုပါက
တာကာငွေ နှစ်သိန်းခွဲ (ယူရို နှစ်ထောင်ငါးရာ) ထိ အသုံးပြုကြရသည်။ သို့အတွက်
ဘင်္ဂလီ လူငယ် အများစုသည် တာကာငွေ ၁၅၀၀၀ ( ယူရို ၁၄၀) ခန့်ဖြင့် တရားမ၀င်
အလုပ် လုပ်ကိုင်နိုင်သော မလေးရှားကို ခိုးလှေဖြင့် ထွက်ခွာနေကြသည်ဟု
ဆိုသည်။
မလေးရှားသို့ ခိုးလှေဖြင့် သွားသူများ အနေဖြင့် တာကာငွေ တစ်သိန်းမှ
တစ်သိန်း သုံးသောင်းထိ ကုန်ကျသော်လည်း လူမှောင်ခိုသမားများကို မလေးရှားတွင်
အလုပ် လုပ်ပြီး အရစ်ကျ ပေးဆပ်နိုင်ခွင့် ရှိကြောင်းလည်း သိရသည်။
နိရဉ္စရာသတင်း
0 comments:
Post a Comment