၃.၁၁.၂ဝ၁၂ရက်နေ့ ၂၁၂ဝအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ဒုရဲအုပ် စိုးစိုးနှင့် အဖွဲ့သည် သတင်းအရမန္တလေး-ပြင်ဦးလွင်ကားလမ်းနှင့် ရေတံခွန်တောင်သွားကားလမ်းဆုံတွင် တင်အောင်မိုးမောင်းနှင်၍ ဘိုလင်း(ခ)စိုးလင်း၊ နိုင်ထွန်း(ခ)ညီထွန်းတို့လိုက်ပါလာသော၇ဃ/၇ဝ၆၈လိုက်ထရပ်ခဲရောင်ယာဉ်နှင့်ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိနေသောမရီရီ
ဝင်းနှင့်မသန်းထွေးတို့(၂)ဦးအားစစ်ဆေးရာယာဉ်၏နောက်ခန်းအတွင်းမှဆာလာအိတ်(၂)အိတ်ဖြင့်ထည့်ထားသောတရားမဝင် ဒီတို
နေတာ(ကပ်သီး)ချောင်း ၉၈ဝဝ(တန်ဘိုး ၁ခုလျင် ၁ဝဝိ/- ကျပ်နှုန်း ၉၈ဝဝဝဝိ/-) အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသောဒီတိုနေတာ(ကပ်သီး)များကိုပုသိမ်ကြီးမြို့နယ်၊ထုံးဘိုကျေးရွာကိုဆန်း(ခ)ဆန်းမြင့်ဦး ၏ နေအိမ်အတွင်းမှသယ်
ဆောင်လာကြောင်း တွေ့ရှိရ၍ သက်သေများနှင့်အတူကိုဆန်း၏နေအိမ်အား ဆက် လက် ရှာဖွေရာ ဒီတိုနေတာများ မတွေ့ရှိ သော်လည်းကိုဆန်း(ခ) ဆန်းမြင့်ဦးမှာထွက်ပြေး တိမ်းေ ရှာင် သွားခဲ့ပါသည်။
တင်အောင်မိုးပါ တရားခံ ၆ဦးအားပုသိမ်ကြီးရဲစခန်း(ပ)၂၂၄/၂ဝ၁၂ ပေါက် ကွဲ စေတတ်သော ဝထ္ထုပစ္စ္စည်း များအက်ဥပဒေပုဒ်မ ၅ အရအမှုဖွင့် အရေးယူ လျှက်ရှိပါကြောင်း သိရသည်။
Myanmar Police Force

တင်အောင်မိုးပါ တရားခံ ၆ဦးအားပုသိမ်ကြီးရဲစခန်း(ပ)၂၂၄/
Myanmar Police Force
0 comments:
Post a Comment