နိုဝင်ဘာလ ၆ ရက်နေ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္ဇမပုံမှန် အစည်းအဝေး
န၀မနေ့ အစီအစဉ် တစ် ရပ်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပုဂ္ဂလိကသတင်းစာ ထုတ်လုပ်ခွင့်နှင့်
ပတ်သက်၍ ဤသို့မေးမြန်းခဲ့သည်။
““မြန်မာနိုင်ငံတွင် ၁၉၆၅-၆၇ အထိ ရန်ကုန်မြို့တွင် ဗိုလ်တထောင်၊ မန္တလေး
တွင် လူထုသတင်းစာ အစရှိသော ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခဲ့သည်။ ၁၉၆၂ ခုနှစ်
တော်လှန်ရေးကောင်စီ တက်လာ ပြီးနောက် ပုဂ္ဂလိကသတင်းစာများကို
ထုတ်လုပ်ခွင့်ပြုခဲ့သော်လည်း ယနေ့ ၎င်း ဥပဒေတည်ဆဲကာလ များတွင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပြုမပြုအား သိရှိလိုပါသည်””
ဦးသိန်းညွန်၏အမေးကို ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ““၁၉၆၂ ပုံနှိပ် သူများ နှင့် ထုတ်ဝေသူများ မှတ်ပုံတင်အက် ဥပဒေအာဏာတည်ပြီးဖြစ်သည့် ၁၉၆၅-၁၉၆၇ ခုနှစ်တို့ တွင် ရှိရင်းစွဲသတင်းစာအချို့အား ထုတ်ဝေခွင့်ပြုခဲ့သည်မှာ မှန် ကန်ပါကြောင်းနှင့် အဆိုပါဥပဒေ အရ နောက် ပိုင်း တွင် ပုဂ္ဂလိက သတင်းစာ အသစ်များ ထုတ်ခွင့်မပြုခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ဦးသိန်းညွန့်က ၁၉၆၂ ခုနှစ် ဥပဒေမှာ လက်ရှိတွင် တည်ဆဲဖြစ် ရာ လွတ်လပ်သော ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ပြုရေး အစီအစဉ်ရှိ/
ဒီမီဒီယာ ၀န်းကျင်ကို ပြုစုပျိုးထောင် တဲ့နေရာ မှာ ကျင့်ဝတ်ဆိုင်ရာ
အခြေခံမူများ ရေးဆွဲ ခြင်း၊ ကျင့်ဝတ်ဆိုင်ရာများ ချမှတ်၍
လုပ်ငန်းစဉ် များသတ် မှတ်ခြင်း၊
ကျင့်ဝတ် ဆိုင်ရာ စည်းမျဉ်းများ Code of Ethic များရေးဆွဲခြင်း၊
ကျင့်ဝတ်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ Code of Contents များ
ရေးဆွဲခြင်း၊ စာနယ်ဇင်းအဖွဲ့အစည်းဆိုင် ရာ Community Standardများ ရေးဆွဲ
ခြင်း၊ ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များ
ရေးဆွဲခြင်းတို့ဖြစ်ပါတယ်။
ဒါကြောင့် အထက်မှာဖော်ပြထားတဲ့ Institution
ဆိုင်ရာ ဖြည့်ဆည်းမှုတွေအားလုံး ပြီး ပြည့်စုံတဲ့အရာတွေ အားလုံးဆောင်ရွက်
နိုင်ခြင်း မရှိသေးသည့်တိုင်အောင် ထိုက် သင့်သလောက် ပြည့်စုံလုံလောက်တဲ့
အခြေအနေရပြီဆိုလို့ရှိရင်လွတ်လပ် သောပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာများကိုထုတ်ဝေ ခွင့်ပေးနို င်ရေး အတွက် ပြည်ထောင်စုအစိုးရအနေနဲ့ စဉ်းစားသွား မှာဖြစ်တယ်””ဟု ဆိုသည်။
ဆက်လက်၍ ဦးသိန်းညွန့်က ထပ်မံ မေးမြန်းရာ ““ဥပဒေပုဒ်မ ၁၁၆(ဃ)အရ ၀န်ကြီးရဲ့ဖြေဆိုချက်အပေါ်မှ
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ““ကျွန်တော်တို့အနေနဲ့ မီဒီယာ Imprivement
ကို ပြုပြင်ပြောင်းလဲရေး လုပ် ဆောင်နေတဲ့နေရာမှာ Press Consultants တွေနဲ့
ကျန်တဲ့ အဖွဲ့အစည်းတွေ အားလုံး ကျွန်တော်ခုနက တင်ပြသွားခဲ့ တဲ့ Institution
တွေ ကို ဘယ်လောက် ထိ ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတဲ့အချက်ပေါ်မှာ
အဓိကမူတည်နေ တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည် ထောင်စုအစိုးရအနေနဲ့ ဘယ်နေ့
ဘယ် ရက်ဆိုတာ အဆုံးအဖြတ်မပေးနိုင်တဲ့ အတွက် မဖြေကြားနိုင်ပါကြောင်း””
တင်ပြသွားသည်။
အဆိုပါ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏အဖြေကို
စိုးဝင်းနိုင်
The Hot New
0 comments:
Post a Comment