Pages

Saturday, November 17, 2012

အရွယ် မရောက်သေးသည့် မိန်းမပျို တစ်ဦးအား အောင်ဇေယျ ကြိုးတံတား တာဝန်ကျ ရဲမှ ကူညီပါရစေဟုပြော၍ တည်းခိုခန်းသို့ ခေါ်ဆောင်၍ သား၊မယားအဖြစ် ပြုကျင့်

လှိုင်သာယာမြို့နယ် အတွင်း၌ အောက်တိုဘာ ၂၇ ရက်က အစ်ကိုနှင့် ရန်ဖြစ်ပြီး နေအိမ်မှ ထွက်လာသော အရွယ် မရောက်သေးသည့် မိန်းမပျို တစ်ဦးအား အောင်ဇေယျ ကြိုးတံတား တာဝန်ကျ ရဲမှ ကူညီပါရစေ ဟုပြော၍တည်းခိုခန်းသိုခ်ါဆောင်၍သား၊မယားအဖြစ် ပြုကျင့်ခဲ့သော ပြစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်
ဖွဲ့ဝင် များထံမှ စုံစမ်း သိရှိရသည်။
အလားတူဖြစ်ရပ်မျိုးကို ၂၀၁၁ ခုနှစ် အစောပိုင်း အတွင်း ကြည့်မြင်တိုင် မြို့နယ်တွင် ဖြစ်ပွားခဲ့ဖူးသည်။ လှိုင်
သာယာ ရဲစခန်း နယ်ထိန်း ရဲတပ်ကြပ် တစ်ဦးသည် ဘဲပျောက်၍ လိုက်ရှာသော လင်မရှိ မိန်းမ တစ်ဦးအား သား၊ မယားအဖြစ် ပြုကျင့် ခဲ့ရာ ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ခြင်းကို ခံခဲ့ရဖူးသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် Express Time ဂျာနယ်ပါ ‘လမ်းပျောက်၍ အကူအညီ တောင်းသူ အရွယ် မ
ရောက်သေးသည့် မိန်းကလေးကို ရဲဝန်ထမ်း တစ်ဦးက အဓမ္မ ပြုကျင့်’ သတင်းမှ ကောက်နုတ်ချက်

Thevoiceweekly

0 comments:

Post a Comment

 
world time