အဖွဲ့မှ ကချင်ပြည်နယ်စစ်ဘေးဒုက္ခသည်များအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့က ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် ဂီတနဲ့ အ
လှူခံ တာပါ၊ အလှူခံလို့ရတဲ့ ငွေတွေနဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တာတွေကိုထောက်ပံ့သွားမှာ ပါ ဟု
အဆိုပါ `ပန်းရဲ့လမ်း´ လူမှုကွန်ယက်မှ ကိုသားထွေးမှ ပြောသည်။
ကျောက်မဲမြို့ ပင်လုံလမ်းနှင့်စိတ္တသုခလမ်းထောင့်ရှိ `ပွင့်ဦး´
လက်ဖက်ရည်ဆိုင်တွင် ဖျော်ဖြေချိန်(၁)နာရီ
ခွဲခန့် သီဆိုဖျော်ဖြေခဲ့ရာ
မြို့သူမြို့သားများနှင့် လူမှုရေးအဖွဲ့အစည်းများမှ လာရောက်အားပေး
လှူဒါန်းခဲ့
ကြကြောင်း သိရသည်။
ပိုင်း ခရီးစဉ်မှာ ကိုယ့်မြို့ကို အမှတ်တရလာသွားတဲ့အတွက် ၀မ်းသာပါတယ်´ ကျောက်မဲဒေသခံတစ်ဦးက
ပြောသည်။
ကျောက်မဲမြို့သူမြို့သားများမှ
လူဒါန်းငွေစုစုပေါင်း ကျပ် (၈၇၈၈၀၅)ကို လှူဒါန်းခဲ့ကြပြီး အဖွဲ့ဝင်(၁၅ )
ဦး
ပါဝင်သော အဆိုပါ`လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း´အဖွဲ့မှာ မန္တလေးတိုင်းအတွင်းရှိ ငလျှင်ဘေးဒဏ်ခံ
ပြည်သူများအတွက် ငွေကျပ် သိန်း(၃၀)ကျော်ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ပန်းရဲ့လမ်းအဖွဲ့မှာ ညနေ(၅) နာရီအချိန်မှ စ၍ ကိုညီညီလွင်မှ `အောင်ဆန်းစိတ်ဓါတ်´သီချင်းဖြင့် စတင် သီဆိုဖွင့်လှစ်ခဲ့ပြီး အဆိုတော်ကြီး ခင်မောင်တိုးကွယ်လွန်သွားခြင်း အထိမ်းအမှတ်အဖြစ် ခင်မောင်တိုး
အ
မှတ်တရ သီချင်းများအပြင် ထူးအိမ်သင်အမှတ်တရ သီချင်းများနှင့်
ညနေ(၆)နာရီခွဲအထိ သီဆိုဖျော်ဖြေခဲ့
ရာ ည(၇)နာရီခန့်တွင်
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့သို့ဆက်လက် ထွက်ခွာသွားခဲ့သည်။
0 comments:
Post a Comment