နိုင်ငံတော်အစိုးရမှ နိုဝင်ဘာလ ၁၅ ရက် က ထုတ်ပြန်ခဲ့သည့်
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့်ပတ်သက်၍
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သဘောထားကြေငြာချက်တစ်စောင်ကို
ယနေ့ ရက်စွဲဖြင့်ထုတ်
လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၃၁ ဦးရှိကြောင်း သိရသည်။
NLA(ပေါ်ပြုလာမြန်မာ)
ပြန်ကြေညာခြင်းနှင့်အတူ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို
နံနက် ၁၀ နာရီက တော်ဝင်နှင်းဆီစားသောက်
ဆိုင်မှာ ပြုလုပ်ခဲ့သည်။ အဆိုပါ
သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ
လွတ်မြောက်လာကြသူ
များ၌ နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှပါဝင်ခဲ့မှုမရှိခြင်းအပေါ် ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီးထုတ်ပြန်ချက်
တွင်ဖော်ပြထားသည့်
နိုင်ငံတော်တည်ငြိမ်ရေးနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက်လည်းကောင်း၊
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း ဆိုသည့် အချက်များဖြင့်
ကွဲလွဲလျှက်ရှိ
ကြောင်းယင်းပေါ်တွင်လည်းကန့်ကွက်ရှုံ့ချကြောင်းပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၃၁ ဦးရှိကြောင်း သိရသည်။
NLA(ပေါ်ပြုလာမြန်မာ)
0 comments:
Post a Comment