Pages

Friday, October 26, 2012

ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခြင်းအပေါ် သမ္မတရုံး သတင်းထုတ်ပြန်


ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခြင်းအပေါ် သမ္မတရုံး သတင်းထုတ်ပြန်



ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားလာမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက သ
တင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ ထုတ်ပြန်လိုက်သည်။ အဆိုပါသတင်းထုတ်ပြန်ချက်တွင် မေလနှင့် ဇွန်
လတို့တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်များအပေါ် နိုင်ငံ
တော်အစိုးရ အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ရရှိအောင်ကိုင်ဆောင်
ရွက်ခဲ့ရကြောင်း........

 နိုင်ငံတကာအဖွဲ့အစည်းအချို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရး ချိုးဖောက်မှုအဖြစ် ပြစ်တင်ဝေဖန်မှုများ
 ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂတွင် တင်ပြခဲ့သဖြင့် နိုင်ငံတော်အစိုးရက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းချေဖျက်ခဲ့ရ
ကြောင်း၊ ထို့အတူ ထိုဒေသများမှ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီ
အစဉ်များ ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း ပါရှိသည်။



ဆက်လက်၍ လတ်တလောတွင်ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်မြောက်ဦး
မြို့နယ်တို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာခဲ့ရာ ထိုအခြေအနေသည် နိုင်ငံတော်၊ နိုင်ငံသား
တို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို ထိခိုက်နစ်နာစေနိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေ
သခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိထိရောက်
ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း
များလည်းရှိနေသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း
]နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) တွင် ဖော်ပြပါရှိသည်။

Source: နိုင်ငံတော်သမ္မတရုံး

0 comments:

Post a Comment

 
world time