"သတင်းတွေ ယူတဲ့အခါမှာ၊ သတင်းမေးတဲ့အခါမှာ အထူးသဖြင့် မီဒီယာက အခြေအနေတွေ သုံးသပ်တဲ့နေရာမှာ လေးလေးနက်နက်လုပ်ပါ၊ အပေါ် ယံကြော မကြည့်နဲ့။ လူတွေရဲ့လုပ်ဆောင်မှု၊ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သတ်လို့ အရှေ့အနောက် ညီလားဆိုတာ အမြဲစစ်ဆေးနေ၊ အဲတာ အရေးကြီးတယ်။ ဟိုတမျိုး အခုတမျိုးဆိုတာက ဘယ်တော့မှ စိတ်မချရဘူးဆိုတာ သိရမယ်။ နောက်ပြီးတော့ အပေါ်ယံကြောလေး ကြည့်ပြီးတော့ ဆုံးဖြတ်ချက် ချမယ်ဆိုရင် နိုင်ငံ့အကျိုးမပြုနိုင်ဘူး။ အမေကတော့ တချိန်လုံး သတိပေးနေတယ်။ အထူးသဖြင့် မီဒီယာက လူငယ်တွေကိုပေါ့ အခုတည်းကကိုယ့်ကိုကိုယ် ဖြောင့်မတ်တဲ့လမ်းပေါ်မှာတင်ထားကြပါ။ နောက်အသက်ကြီးလာရင် ပြောင်းရပြုရ ခက်တယ်။ ဘာလို့ဆိုတော့ လူက ပိုးဝင်သွားနိုင်တယ်။
နေရာ၊ အာဏာ၊ သြဇာကို သာယာသွားနိုင်တယ်။ အဲတာတွေကို အမြဲသတိထားနေရမယ်။ ကိုယ့်ကိုကိုယ်လဲ သတိထား၊ သူများကိုလဲ ကြည့်နေ ဘယ်သူက ပိုးဝင်သွားပြီလဲဆိုတာ sign လေးတွေ ပြတတ်တယ်။ အဲတော့ ကိုယ့်ကိုကိုယ် ညှိရမယ်။ ရှေ့နောက် မညီတဲ့ကိစ္စတွေ သာယာလာတဲ့ကိစ္စတွေ မီဒီယာတွေမှာလဲ ဖြစ်တတ်တယ်။
သတိထားရမှာက အခုခေတ်က မီဒီယာက တော်တော်သြဇာရှိတယ်။ သြဇာရှိတော့ လူတွေဟာ သြဇာရှိရင် မြှောက်သွားတတ်တယ်။ သူတို့အင်္ဂလိပ်အဆိုအရဆိုရင် Power Collapse ဆိုတာပေါ့ သြဇာအာဏာဟာ လူကို ပျက်စီးစေတယ်။
ကိုယ့်ကိုကိုယ်လဲ ဒီဟာကို အမြဲဆင်ခြင်ရမယ်။ ငါတို့က ပြောလိုက်ရင် တယောက်ရဲ့ ဘဝကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အသိဟာ ဒါဟာ သြဇာအာဏာလို့ ဘယ်တော့မှ မမြင်နဲ့၊ ဒါဟာ တာဝန်လို့ မြင်။ ကိုယ့်ကြောင့် လူတယောက်ရဲ့ ဘဝ ပျက်သွားမယ်ဆိုရင် ကိုယ့်ရဲ့တိုင်းပြည်ရဲ့ အနာဂတ် ထိသွားမယ်။ ဒီလို ဖြစ်နိုင်သလားဆိုတာကို အမြဲပဲ စဉ်းစားရမယ်။
0 comments:
Post a Comment