ရခိုင်ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင်
ဖြစ်ပွားလာသော ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ ရရှိသောစာရင်းအရ
သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁
ဦး)ရှိပြီး ဒဏ်ရာရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ
မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော်ပျက်စီးခဲ့ကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့်
မှတ်တမ်းပြုစုရေးဆပ်
ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က Eleven Media Group သို့ အောက်တိုဘာလ ၂၆ ရက်နေ့ ပြောကြားခဲ့သည်။
တူမီးသေနတ် ၄၀ ကျော်ကို ရခိုင် ဗုဒဘာသာဝင့်များနှင့်ဘင်္ဂါလီတို့ထံမှလည်းသိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်
စဉ်တစ်လျှောက်လုံးတွင် ဓား၊
လှံ၊
လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။
အခုလက်ရှိ
ဖြစ်ပေါ်နိုင်ခြေရှိသည်ဟုယူဆရသည့် ကျေးလက်ဒေသများတွင်လည်းလုံခြုံရေးအပြည့်အ၀ ပေး
ထားကြောင်း၊ နောက်ထပ် ပဋိပက္ခများ မဖြစ်ပွားစေရေးအ တွက် လည်း ဒေသခံများနှင့်
အစိုးရအဖွဲ့ဝင်များ
နှင့်ညိနှိုင်းဆောင်ရွက်နေကြောင်း၊
ပေါက်ေ တာမြို့နယ်နှင့် ကျော က်ဖြူမြို့နယ်များတွင် ဖြစ်ပွားခဲ့သောပဋိပ
က္ခများကြောင့် 
ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် မြောက်ပိုင်းတွင်
ထားရှိရန် ဒေသခံ
အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ဝင်များ၊
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေးလျက်ရှိကြောင်းလည်းသိရှိရ
သည်။
အဆိုပါဘင်္ဂါလီအရေအတွက်မှာ ၃၀၀၀ ကျော် ရှိကြောင်း ဦးဝင်းမြိုင်က
ဆက်လက်ပာကြားခဲ့သည်။
Eleven Media Group
0 comments:
Post a Comment