Pages

Wednesday, October 24, 2012

လွတ်လပ်မှုကို ပိတ်ပင်တဲ့ ဥပေဒတွေ ဖျက်သိမ်းရမည်ဟု ဒေါ်အောင်ဆန်စုကြည့်ကပြော




ပြည်သူတွေရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်ထားတဲ့ ဥပဒေအားလုံးကို ဖျက်သိမ်း သင့်တယ်
လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ၂၃ ရက်နေ့ဒီကနေ့
လွှတ်တော် ခေတ္တရပ်နားစဉ် သတင်းထောက်တွေရဲ့ မေးမြန်းချက်အပေါ် အခုလို ဖြေကြားခဲ့ပါတယ်။
  ပြည်သူတွေရဲ့ အခွင့်အရေးတွေ လွတ်လပ်ခွင့်တွေကိုပေါ့နော် ကန့်သတ်တဲ့ ဥပဒေတွေဆိုရင် အားလုံးဖျက်သိမ်းရမယ်။ပုဒ်မ၁၀တင်မဟုတ်ဘူးပုဒ်မ၅လည်းရှိသေးတယ်ပေါ့နော်။ နောက်ပြီးတော့
၁၇စသဖြင့်၊နိုင်ငံရေးအရကိုယ်မလိုလားတဲ့သူတွေကိုဆင်ခြေပေးပြီးတော့ဖမ်းနိုင်တဲ့ ဥပဒေမှန်သ
မျှဟာ ဖျက်သင့်တယ်လို့ထင်ပါတယ် ..”

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး  သူ့အနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ ဒီပြဿနာတွေ အမြန်ဆုံး ပပျောက်ဖို့အတွက် ဥပဒေစိုးမိုးမှု အရေးကြီးကြောင်း လည်း သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ 
 
 ဒါ့အပြင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ရရေးနဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်ဆိုတာ လူငယ်တွေကို ဘဝအတွက် ပြင်ဆင်ပေးတဲ့ နေရာ ဖြစ်တာကြောင့် သူ့အနေနဲ့ ဒီကိစ္စကို လွှတ်တော်မှာ အမြဲတမ်း တိုက်တွန်းသွားမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီကနေ့ လွှတ်တော်မှာ ၁၉၇၅ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၃ မှာပြဌာန်းထားတဲ့နိုင်ငံတော်ကိုနှောက်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်တဲ့ ဥပဒေကို ပယ်ဖျက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်က အဆိုတင်သွင်းတဲ့ အပေါ် ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ကထောက်ခံပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင်အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီးလာမယ့်နိုဝင်ဘာလ၁၀ရက်နေ့မတိုင်ခင် သွားရောက်နိုင်မယ်လို့ ဒေါ်
အောင်ဆန်းစုကြည်က ပြောပါတယ်။

RFA (Burmese)

0 comments:

Post a Comment