Pages

Wednesday, October 24, 2012

မြောက်ဦးမြို့အဓိကရုဏ်းအတွင်း (၈)ဦးသေဆုံး (၁၀)ဦးထက်မနည်းဒဏ်ရာရ

http://arakantimes.net/burmese/images/MraukOo_crisis.jpg



မင်းပြားနှင့် မြောက်ဦးမြို့နယ်အတွင်း လွန်ခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ယနေ့အထိ သေဆုံး သူဦးရေ (၈)ဦးရှိပြီဖြစ်ပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိနေကြောင်း အာရ်ကန်တိုင်းမ်စ်မှ စုံစမ်းမေးမြန်းချက်အရ သိရသည်။
အဓိကရုဏ်းအတွင်း ကျဆုံးသွားသူများမှာ ကိုအောင်မိုး၊ ကိုညီပု၊ ဦးသာကျော်၊ ကိုသိန်းထွန်းလှနှင့် ကိုအောင်မြင့်တို့သည် ပရိန်ကုန်းရွာ အဓိကရုဏ်းထဲတွင် သေးဆုံးခဲ့ရပြီး ကိုအောင်မိုး၏ အလောင်းကိုသာပြန်လည်ရရှိ၍ ကျန်(၄)လောင်းကို ယခုအချိန်ထိ မရရှိသေးပေ။
 
ယိုင်သည်ရွာအဓိကရုဏ်း၌သေဆုံးခဲ့ရကြာင်း၊ဓါးဒဏ်ရာဖြင့်ကိုဖြူမောင်ထွီးသည်မင်းပြားဆေးရုံတွင်သေဆုံး
ခဲ့ရကြောင်း၊ဒဏ်ရာရသူထဲမှဦးမောင်လုံးချေမှာ စစ်တွေဆေးရုံတွင် ကွယ်လွန်သွားခဲ့ရကြောင်း သိရှိရသည်။
 
"မနေ့က မြောက်ဦးမြို့နယ် ပရိန်ရွာတွင် လူ(၅)ဦးကျဆုံးပါတယ်။ ဘင်္ဂလီဗလီထဲမှာသတ်ပြီး ထည့်ထားတဲ့ သုံးလောင်းထဲမှ တစ်လောင်းကိုဘဲ တောင်းလို့ရခဲ့တယ်။ နောက်နှစ်လောင်းကိုပြန်ရဖို့အတွက် စစ်တပ်နဲ့ရဲကိုအကြောင်းကြားထားတယ်။ အဲဒီအလောင်းတွေကို ဒီနေ့ ဗလီထဲကထုတ်ပေးမယ် တစ်နေရာမှာစောင့်နေ ၊သူတို့လာပေးမယ်ဆိုပြီးပြောလို့ ကျနော်တို့စောင့်နေကြပါတယ်။
 
 ကျန်တဲ့တစ်လောင်းကတော့ ချောင်းထဲကို ဆင်းပြေးတုန်း လှံနဲ့လိုက်ပြီးအထိုးခံရတဲ့အတွက် ဒဏ်ရာရလို့ မျောပါသွားတယ်လို့ သိရပါတယ်။ သူ့အလောင်းကတော့ မပေါ်သေးပါဘူး။ ယိုင်သည်ရွာမှ ဒဏ်ရာရသူများက မြောက်ဦး ဆေးရုံကို ရောက်လိုက်၊ မင်းပြား ဆေးရုံကို ရောက်လိုက်နဲ့ဖြစ်နေပြီးတော့ အခုမြောက်ဦးဆေးရုံမှာမင်းပြားမှဒဏ်ရာရသူနှစ်ဦးရောက်နေပါတယ်။ဟု မြောက်ဦး ဒေသခံတစ်ဦးက ပြော
ည်။
 
မြောက်ဦးအဓိကရုဏ်းတွင် သေဆုံးသူ(၈)ဦးရှိနေပြီဖြစ်ပြီး ပရိန်ကျေးရွာမှ တစ်လောင်း၊ ဇီးဇာကျွန်းမှ အခုတ် ခံရသောအလောင်းနှစ်လောင်း၊မင်းပြားဆေးရုံတွင်တင်ထားသောတစ်လောင်းမှာသေဆုံးသွားပြီး ပရိန်အဓိ
ကရုဏ်းတွင်ဒဏ်ရာရသူ(၁၀)ဦးမှာမြောက်ဦးဆေးရုံတွင်အတွင်းလူနာအဖြစ်ကုသနေရပြီး(၃)ဦးမှာ အခြေ
အနေဆိုးနေကြောင်း သိရှိရသည်။
 
 သေဆုံးသွားသူများ၏မျက်နှာများမှာ ဓါးခုတ်ဒဏ်ရာများကြောင့် လုံးဝပျက်စီးနေပြီး အတိအကျသိနိုင်ရန်မှာ ဝတ်ထားသော အဝတ်အစားများကို ကြည့်ပြီးမှ ဆုံးဖြတ်နေရကြောင်သိရှိရသည်။အထက်ပါအခြေအနေများ
ကြာင့်မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ်တွင်ပုဒ်မ၁၄၄၊ညမထွက်ရအမိန့်ထုတ်ပြန်ထားကြောင်း သိရှိရ
သည်။

0 comments:

Post a Comment